Promise
Sehun မလာသေးတာမို့ သူ ၀ရန်တာ မှာရပ်နေတုန်း
နောက်ကနေ
^^ Hyung ^^ ဆိုတဲ့ အသံကြားတော့ သူလှည့်ကြည့်မိလိုက်တော့ သစ္စာမရှိတဲ့ Kim Jongin
¥¥¥¥¥¥¥¥
Kyung Soo တောက် တစ်ချက် ခေါက်ကာ အကြည့်လွှဲပြီး အဲ့နေရာ ကနေလှည့် အတွက် သူ့ လက်ကို လာရောက်စုပ်ကိုင်တဲ့ သူ့ ကြောင့် သူ ရုန်းလိုက်မိသည်
~ မထိနဲ့ ငါ့ အသား ကို မထိနဲ့ Kim Jongin မင်း ကို ငါမုန်း တယ်
Kyung Soo ရဲ့ သူ့ အပေါ်မုန်းတီးစွာ ပြောလိုက်တဲ့ အသံကြောင့် Jongin ရယ်လိုက်မိသည်
~ ဟင့်အင်း Hyung တင် အမုန်း ကို ခံစား သိရှိတာ မဟုတ်ပါဘူး ကျွန်တော် လည်း Hyung ကို မုန်းတယ်
Jongin အပြောကြောင့် Kyung Soo ဖျက်ခနဲ့ လှည့်ကြည့်လာကာ
~ မင်းလို သစ္စာ မရှိတဲ့ သူ နဲ့ ငါ ပြောစရာ စကား မရှိဘူး
~ မဟုတ်ဘူး ကျွန်တော် တို့ စကား ပြောရမယ် ကျွန်တော့်ကို သစ္စာ မရှိဘူး သစ္စာ မရှိဘူး ဆိုပြီး ပြောနေတာ ဒီတင် ရပ်လိုက် ပါ Hyung..ကျွန်တော် မကြိုက်ဘူး တကယ် ဆို သစ္စာ မရှိတဲ့ လူက ကျွန်တော်မှ မဟုတ်တာ ကတိတွေ အထပ်ထပ် ပေးပြီး ပြန်မလာတာ ဘယ်သူလဲ စာလေး တစ်စောင် ဖုန်းလေး တစ်ကောလ်တောင် မဆက်ဘဲ နေခဲ့တာ ဘယ်သူလဲ ဒီမှာရော ဒီကကောင်ကရော မခံစား ရဘူး ထင်လို့ လား အလူး အလဲဘဲ ကျွန်တော် ခံစား ခဲ့ရတာ ပြန်လာမယ် မှန်း မသိ မလာမယ်မှန်း မသိ ဘဲ စောင့်နေခဲ့ရတာ ဘယ်လောက် ပင်ပန်းရ လည်း ဆိုတာ မသိဘူး မဟုတ်လားးးးး သေသလား ရှင်သလား တောင် မသိခဲ့ရဘဲစောင့်နေခဲ့ရတာ Hyung က ဒါတွေ နားမှ မလည်တာ
Jongin ရဲ့ စကား အရှည်ကြီး ကြားတော့ Kyung Soo ခေတ္တ ငိုင်သွားရသည် ...သူ့ဘက်ကရော သူ့ဘက်ကရော
~ သေသလား ရှင်သလား မသိတဲ့သူဟုတ်လား မင်းစိတ်ထဲမှာ ငါက သေလူ ဖြစ်နေခဲ့တာဘဲ တစ်ယောက်တည်း မိဘတွေ အသိုင်း အ၀ိုင်းတွေကို စွန့်ပြီး ထွက်သွားခဲ့တယ် အဲ့ဒါ ဘယ်သူ အတွက်လဲ??ဟင် ဘယ်သူ့ ကြောင့်လဲလို့ ဘာသာ စကား လူမျိုး ဘာဆို ဘာတစ်ခု မှ မတူတဲ့ သူတွေ ကြားမှာ ဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ မင်းသိလား လွမ်းလွန်းလို့ နာကျင်လွန်းလို့ ညတိုင်း ငိုခဲ့ ရတဲ့ မျက်ရည်တွေကို မင်းမှ မမြင်ခဲ့တာ ဟုတ်တယ် မင်းကို ကတိပေးခဲ့တယ် ၁ နှစ်နေရင် ပြန်လာမယ်လို့ ဒါပေမယ့် အခက်အခဲတွေကြောင့် ပြန်မလာ နိုင်ခဲ့ဘူး ပြန်လာလို့ လည်း ရတော့ ငါ ပြန်လာခဲ့တယ်လေ မင်းဆီကို ပြန်လာခဲ့ပေမယ့် မင်းက သစ္စာ ဖောက်သွားပြီလေ .....မဟုတ်ဘူး လားး ငါပြောတာ မဟုတ်လို့လား Kim Jongin ရဲ့ တော်ပြီ မင်းနဲ့ငါ ဆက်ပြီး မပြောတော့ဘူး
