PROMISE
Hyung !! Hyung ကျွန်တော်တို့ ထွက်ပြေးမယ်လေ လာ ဆိုပြီး Jongin ပြောပီး ဆွဲလိုက်ပေမယ့်
Kyung Soo တစ်ယောက် Jongin လက်တွေကို ဖြုတ်ချကာ
Hyung တို့ ထွက်မပြေးတော့ဘူး Jongin
Kyung Soo အပြောက Jongin ရင်ဘတ်တွေ ကို စုတ်ခြေ လိုက်သလိုပင်
Jongin ရဲ့ Wae ဆိုပြီး အမေး လေး မဆုံးခင်ပင်
" Kim Jongin အခု ကားပေါ် ပြန်တက်စမ်း သူ့ကို ကားပေါ် ဆွဲတင် လိုက် " ဆိုတဲ့ အပြောနောက်မှာ Jongin လည်း ဒုတိ ယ တစ်ကြိမ် ကားပေါ် ပြန်တက်ပြီး ပါသွားလေသည်
၁၆ နှစ် အရွယ်နဲ့ မမျှအောင် အပြောခံလိုက်ရတဲ့ Kyung Soo ကတော့ ဒူးထောက်ရင်း မျက်ရည်တွေ အတိုင်း အဆမဲ့ ကျတာ အဲ့နေရာတင် ဘဲ အရုပ်လေး တစ်ရုပ်လို ကျန်နေခဲ့လေသည် ..သူ ချစ်ရတဲ့ Jongin ပါသွားတဲ့ ကားလေး ကတော့ Kyung Soo မြင်ကွင်းထဲကနေ တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်
¥¥¥¥¥¥¥¥
" Jongin ကို အခန်းထဲ ပိတ်ထားလိုက် ယုတ်ဆွ အဆုံး သူ ခြံထဲတောင် ဆင်းခွင့် မရှိဘူး " ဆိုတဲ့ Jongin Omma ရဲ့ အပြော ကြောင့် Jongin ရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုး ခံလိုက်ရသည်
" တစ်သက်မှာ တစ်ခါဘဲ ပေါက်ဖွားလာတဲ့ သူ့ ရဲ့ အချစ်ဉီး အတွက် သူ ဘာမဆို ရင်ဆိုင် နိုင်ဖို့ အသင့်ပါ ..Hyung နဲ့ သာ ဘ၀ ကို အတူတူ ဖြတ်သန်း ရမယ် ဆိုရင် သူ ဆူးခင်း လမ်းလည်း လျောက်ဝံ့ပါသည် "
¥¥¥¥¥¥
Kyung Soo ~ " ဒါ ငါ့ အတွက် အကောင်းဆုံး အခွင့် အရေးတစ်ခုဘဲ "
သူ စာစောင်လေး ကိုင်ရင်း ခပ်တိုးတိုး ပြောမိသွားသည် သူဒီမှာ ဆက်နေမယ်ဆိုရင် ရှေ့ ဆက်ပြီး ဘာတွေ ဖစ်မလည်း သူသေချာ မသိ အနာဂတ် ဆိုတာ ကလည်း မရေရာ အခုက အခွင့် အရေး က သူ့ လက်တစ်ကမ်း မှာဘဲ ရှိတော့ တာမို့
Kyung Soo တစ်ယောက် ခိုင်မာတဲ့ ဆုံးဖြတ်ချက် တွေနဲ့ အတူ သူ့ မိဘတွေကို ဖွင့်ပြောကာ အကျိုး အကြောင်း ရှင်းပြမိသည်