PROMISE
Jongin သူ အောက်မှာ Hyung ခင်းပေးတဲ့ အခင်းပေါ် ၀င်အိပ်ရင်း ခုတင် ဘက်ကို ခေါင်းစောင်းကာ ကြည့်လိုက်သည်
~ Hyung
သူခေါ်ပေမယ့် အသံ မကြား
~ Hyung မအိပ်သေးတာ ကျွန်တော် သိတယ်
Jongin ပြောလိုက်ပေမယ့် Hyung ဆီက ဘာသံ မှ မကြား သူ Hyung ကို အခုထိ ချစ်နေတဲ့ အကြောင်းတွေ ပြောပြချင်ပါသည်
~ ကျွန်တော် ဘာလို့ အိမ်ကနေ ထွက်လာခဲ့လဲ သိလား
Jongin ထင်တာ မလွဲဘူး ဆိုရင် Hyung သူ့စကားကို စိတ်ဝင်တစား နဲ့ နားစွင့်နေပြီ ဆိုတာ သူ အသေ အချာ သိသည်
~ ကျွန်တော် ပြန်ပြီး ပြင်ဆင်ခွင့် ရချင်လို့ ပြီးတော့ Hyung ကို ကျွန်တော် မစွန့်လွှတ်နိုင်လို့
Hyung ကြားမကြား အသေ အချာကြီး မသိပေမယ့် သူကတော့ ပြောနေမိသည် Hyung က သူ့ရဲ့ အချစ်ဉီး အချစ်ဆုံး ပင် ဒီကနေ အထိ ချစ်နေ တုန်းဘဲ ဆိုတာ သူ့ကိုယ်သူ ညာ လို့ မရ
~~~~~×××××~~~~~
မနက် မိုးလင်း တာနဲ့ Jongin နိုးလာတော့ ကြည့်လိုက်တော့ Hyung ရော ဟိုတစ်ယောက် Sehun ရော အခန်းထဲမှာ မရှိတော့....... သူ ကပျာ ကယာ ထကာ မျက်နှာ သစ်ပြီး အပြင်ထွက်ခဲ့တော့ Hyung တို့က ထမင်းစား ခန်းမှာပင် .......Jongin ရောက်လာ တာကိုပင် သတိ မထား မိကြဘဲ ရယ်ရယ် မောမော နဲ့ စကား ကပ်ပြောနေကြတာ
Hyung နဲ့ Sehun ကို ကြည့်ရင်း Jongin မျက်ရည်တွေ ၀ဲလာရပြန်သည် ယောကျာင်္း တန်မယ့် အချစ်ကြောင့် မျက်ရည် ကျရတာလည်း တစ်ခါ နှစ်ခါ မကတော့ ဘယ်လောက်ဘဲ အားတင်းစေကာမူ Hyung တခြား တစ်ယောက် နဲ့ ပျော်နေတာ တွေ့ ရင် သူ့မှာ ရင်ကွဲ မတက်ပင်
သူကိုယ်သူတောင် သတိ မထားမိဘဲ သူ ခြေလှမ်းတွေကို နောက်ဆုတ်မိသည် ....
ဘုတ်
သတိမထားမိဘဲ နောက်မှာ ရှိနေတဲ့ စာအုပ်စင်နဲ့ တိုက်မိတော့မှ Hyung တို့က လှည့်ကြည့်လာတော့ သူပြုံးပြကာ ဘာမှ မဖြစ်သလို ဟန်ဆောင်ပြုံးရင်း