PROMISE
~ သေချာပေါက် ပြန်လာမှာမို့စောင့်နေပေးပါ ထာဝရ ချစ်နေမယ့် သူမို့ Hyung ရဲ့ နှလုံးသား ကို Jongin ဆီ အပ်နှံ ခဲ့ပါမယ် ...Hyung ပြန်လာမယ့် အချိန်ထိ သိမ်းထားပေးပါ နှစ်နှစ်တည်းပါ
ဆိုပြီး ပြောကာ တစ်ယောက်နဲ့ နစ်ယောက် ဖက်ရင်း ငိုနေကြသည် ... အဖြူစင်ဆုံး အနမ်းတွေပေးရင်း တစ်ယောက် မျက်ရည်တွေ တစ်ယောက် သုတ်ပေးကာ ကတိ စကားတွေ ထားခဲ့ကြသည်
အဲ့နေ့ က ချစ်သူ တစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြပေမယ့်လည်း ကျောခိုင်းခဲ့ရတဲ့နေ့
¥¥¥¥¥¥¥¥
" Kyung Soo ဒီနေ့ သွားမှာ နော် "
Taemin စကားတွေ ကြားလိုက်ရတော့ မျက်ရည်လွယ်တဲ့ သူ့  မျက်ဝန်း က မျက်ရည်တွေ ကျလာရပြန်သည်
" ငါ ငါ Hyung ထွက်မသွားခင် တွေ့ချင်သေးတယ် "
သူ မျော်လင့်ချက် အပြည့် နဲ့ ပြောလိုက်ပေမယ့် Taemin က သူ့ ပုခုံးကို အားပေးသလို ပုတ်ရင်း
" ထွက်သွားရမယ့် သူကို အနာ ထပ်မပေးပါ တော့နဲ့လား နှစ်ယောက်လုံး နာကျင် နေရမှာ "
Taemin အပြောကြောင့် Jongin ခေါင်းငြိမ့်ပြလိုက်သည် ဘယ်လို ဘဲပြောပြော သူကတော့ Hyung ကို သစ္စာရှိရှိနဲ့ စောင့်ကာ ထာဝရ ချစ်နေဉီးမှာမို့
¥¥¥¥¥¥¥¥
Hyung ထွက်သွားတဲ့ နေ့ကနေ စပြီး သူ Diary စရေး ဖြစ်သည် Hyung ကို ဘယ်လို လွမ်းကြောင်း တွေပေါ့
¥¥¥¥¥¥¥¥
၁ ရက် ကနေ ၁ပတ်
Kyung Soo တစ်ယောက် U S ကိုရောက်ပြီ ဆိုတာ သူ့  Omma လည်း ကြားထားတော့ Jongin လည်း အရင်လို လွတ်လပ်ခွင့်ပြန်ရသွားသည် Kyung Soo Hyung ကတော့ တစ်ပတ်တစ်ခါလောက် ဖုန်း အမြဲ ဆက်ပါသည်
Hyung ဖုန်းဆက်တိုင်းလည်း သူ မျက်ရည်တွေနဲ့ လွမ်းခဲ့ ရတဲ့ နည်းမှ မနည်း ခဲ့တာ
