PROMISE
✌✌✌✌✌
Jongin က အရင်ဆင်းကာ တံခါးဖွင့်ပေးပြီးသူနား ကပ်ကာ
Hyung...ကျွန်တော့် အမေ က ဟို ရုပ်ရှင်ထဲက ခပ်ဆိုးဆိုး အမေတွေနဲ့ တူတယ် မလား ဆိုပြီး ရယ်ကာ ပြောလိုက်တဲ့ Jongin ကြောင့် သူစိတ်မကောင်းဖြစ်နေတာတောင် ပျောက်သွားသလိုပင်
¥¥¥¥¥¥¥¥
အခု ဆို ကျောင်းဖွင့်တာ တစ်လ ကျော်နေပြီမို့ Jongin နဲ့ Kyung Soo တို့ ၂ယောက်လည်း တော်တော် ရင်းနှီးနေကြပြီလေ...မနက်ဆို Jongin က လမ်းကနေ ဆင်းပြီး Kyung Soo နဲ့ ကျောင်း အတူတူ သွားတာ ကလည်း နေ့စဉ်တာဝန်တစ်ခု ပင်...
Jongin တစ်ယောက် သူ့  ဘေးမှာ English meaning တွေ ထိုင်ကျက်နေတဲ့ Kyung Soo ကိုကြည်ကာ ပြုံးလိုက်ပြီး
Jongin...Hyung Hyung ဆိုပြီး ခေါ်လိုက်တော့
Kyung Soo က ပြုံးက စာအုပ်ကို ပိတ်လိုက်ပြီး
Kyung Soo..အင်း Jongin ပြော ဆိုပြီး ပြောလိုက်တော့
Jongin....Hyung မနက်ဖြန် လေ အဲဒါ English Test အတွက် ကျက်နေတာလား ......ကျွန်တော်တော့ ကျွန်တော့် နေရာ ကို ဖယ်ပေး ရတော့မယ် ထင်တယ်..... ဆိုပြီး မျက်နှာလေး ရှုံ့ ကာ ပြောလိုက်တော့
Kyung Soo က ရယ်ကာ
Jongin က ညနေကျ ကျုရှင်မှာ ကျက်ရမှာလေ Hyung က ညနေကျ အိမ် မှာ ကူပေး ရဉီးမှာ..... Jongin ရဲ့ မအားဘူးလေ..Jongin ရဲ့ First နေရာ ကိုလည်း Hyung က မရ လောက်ပါဘူး ဆိုပြီး ပြောတော့
Jongin က ရယ်ကာ
မရ စရာ အကြောင်း မရှိပါဘူး Hyung လိုချင်ရင် Jongin က ဖယ်ပေးမှာ .....ဆိုပြီး ပြောလိုက်တော့ Kyung Soo တစ်ယောက် ရယ်ကာ Jongin ပါးတွေကို လိမ်ဆွဲ လိုက်ပြီး.... စာဆက် ကျက်နေလိုက်သည်
¥¥¥¥¥¥
Jongin အတွက်ကတော့ Kyung Soo ရဲ့ လက်နု နု လေးတွေနဲ့ သူ့ ပါးကို လာဆွဲ လိုက်တဲ့ အချိန် ......သူ့  ရင်တွေ ခုန်လွန်းလို့ လောကကြီးတောင် ရပ်တန့်သွား သလိုပင်.....ပြုံးစိစိ ဖြစ်နေတဲ့ သူ့  မျက်နှာကိုလည်း မနည်းကို မျက်နှာပိုး သတ်ထား ရသည်......လူတွေ ပြောပြောနေတဲ့ အချစ်ဆိုတဲ့ အရာက ခုလိုမျိုးလား .......အဲ့ လူရဲ့ ဘေးမှာ ရှိနေရုံ နဲ့တင် သူ ပျော်နေမိတာ...ပြီးတော့ သူ့  ဘ၀မှာ ပထမဆုံး အကြိမ် ချစ်မိတဲ့ အချစ်ဉီးမို့ ဖြူစင်တဲ့ အချစ်တွေ နဲ့ ကို ချစ်မိနေတာပါ......