Part-2
--------
"Hyung ကျနော့်ကို တကယ်ချစ်ရဲ့လား "
သူရဲ့အမေးစကားကို ကျွန်တော့် ဘက်က တုံ့ပြန်နိုင်စွမ်းမရှိဘူး ... ကျနော့်ကို တည့်တည့်ကြည့်ပြီး လေးနက်မှုမရှိတဲ့ စကားကို မေးနေတဲ့ သူ ... ဘယ်လိုတုံ့ပြန်နိုင်မှာလဲ ? သူသာ ကျနော့်ကို တကယ်ချစ်ခဲ့ရင် ဒီလိုမေးခွန်ူမျိုး သူ့ဆီကထွက်လာစရာအကြောင်းမှမရှိတာ .. ဒီအတောတွင်း သူ့အပေါ်ကို ဘယ်လို အနစ်နာခံ သည်းခံခဲ့လဲဆိုတာ သူသိခဲ့ရင် သူမေးစရာအကြောင်းမရှိဘူး .. ။
"Kai ya~ နောက်နေ့မှပြောလို့မရဘူးလား ..? "
"Hyung ကျနော်မေးတာသာဖြေပါ "
"ဘာလို့မေးတာလဲ?အကြောင်းပြချက်ကဘာလဲ "
"နေမကောင်းတဲ့ သူတစ်ယောက်လုံးကို ဂရုမစိုက်နိုင်ဘဲ Chanyeol hyung နဲ့ရှိနေတာဘယ်သူလဲ?ကျနော်အနားမှာမရှိနိုင်ရင် စိတ်ဆိုးပြီးတော့ ရှိနေတော့ရော ကျနော့်နားမှာ နေလို့လား !! Chanyeol hyung နားမှာဘဲကပ်နေပြီးတော့ !! ကျနော့်ကို ချစ်တယ်လို့ပြောနေတာ စိတ်ရင်းကော ဟုတ်ရဲ့လားဗျာ ! "
သူ့နှုတ်ခမ်းက အဆက်မပြတ်ထွက်လာတဲ့ စကားလုံးတွေက ကျနော့်ရင်ဘတ်ကို တစ်ချက်ချင်းစောင့်ဝင်လာတဲ့ ကျည်ဆန်တွေလိုဘဲ .. နာကျင်တယ် .. ကျနော်လိုချင်တဲ့ အချစ်မျိုးမပေးနိုင်ရင်နေပါစေ .. ကျနော့်ရဲ့အချစ်ကိုတော့ ယုံပေးသင့်တယ် ..အခုတော့ ........
" ချစ်တယ် .. ငါမင်းကိုချစ်တယ် Kai .. မင်းက တခြားသူနဲ့အတူတူရှိနေတဲ့ ငါ့ကိုဘဲမြင်တာလေ .. ငါ့နှလုံးသားကိုမှမမြင်တာ ငါ့မျက်ဝန်းကိုမှမမြင်တာ ..ငါ့အချစ်ကိုမှ စောက်ဂရုမစိုက်တာ !! မင်းငါနဲ့ ဆက်မတွဲချင်ဘူးဆိုလည်း ငါမတားဘူး .. ဒါပေမဲ့ ငါ့အချစ်ကိုတော့ မစော်ကားနဲ့ !! "
မုန်းတယ် .. သူ့ကိုမဟုတ်ဘူး .. ကိုယ့်ဟာကိုမုန်းတယ် .. ကိုယ့်အချစ်ကို အယုံအကြည်မရှိတဲ့ သူတစ်ယောက်ကို ရူးရူးမူးမူးဖြစ်နေမိတာကို မုန်းတယ် .. သူ့ကို ဒေါသထွက်လွန်းလို့ပြောလိုက်တဲ့ စကားလုံးတိုင်းဟာ ကျနော့်ရင်ဘတ်ကို မြားနဲ့ခွင်းနေသလိုဘဲ .. ။ ဒါပေမဲ့ အဆုံးသတ်ပြီ .. အစကတည်းက အဖြေသိနေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မျက်စိစုံမှိတ်ပြီး ကနေပေမယ့် အခုတော့ ဇာတ်သိမ်းသွားခဲ့ပြီ ... ။