သူ ကျနော့်ကို မျက်ရည်တွေနဲ့ ပစ်ထားခဲ့တဲ့နေ့ကစပြီး သူ့ဆီမှာ မမြင်ဘူးခဲ့တဲ့ အပြုအမူလေးတွေ တွေ့လာခဲ့ရတယ်... ။
အပြင်ကပြန်လာတိုင်း ... ဆွဲဆောင်မှုရှိတဲ့ ရေမွှေးနံအချို့က သူ့ဆီမှာ နေရာယူလာတတ်တယ် ..။
တစ်ခါတစ်လေကျ ..ပိုင်ရှင်မသိတဲ့ နှုတ်ခမ်းနီရာအချို့က ဟိုတစ်စဒီတစ်စ ... ။
ကျနော့်တည်ရှိမှုကို သတိမထားနိုင်လောက်အောင် အမည်မသိသူတစ်ဦးနဲ့ ပျော်ရွှင်စွာ ဖုန်းပြောနေတတ်တယ် ... ။
အဲ့ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ဖောက်ပြားမှုဆိုတဲ့ အရာတစ်ခုက ကြိုးကိုင်ထားတာကို ကျနော် သိတယ်... ။ ဒါပေမဲ့ ကျနော် လုပ်နေတဲ့ အရာတွေကို သိကြရဲ့လား ။
ကျနော့်နောက်ကွယ်မှာ ဖောက်ပြန်နေတဲ့ ချစ်သူရည်းစားတစ်ယောက်ကို ညဘက် ပြန်မရောက်မချင်း မအိပ်ဘဲ စောင့်နေဆဲဘဲ ... ။ သူ့ဘက်က မပြောတာကြာပြီဖြစ်တဲ့ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို မျက်ရည်အကျခံပြီး နေ့တိုင်း ပြောနေဆဲဘဲ ... ။ တစ်ခါတစ်လေကျ ... သူ့ရဲ့ အင်္ကျီပေါ်မှာ စွန်းထင်လာတဲ့ နှုတ်ခမ်းနီရာအချို့ကိုတောင် ကျနော်ကိုယ်တိုင် လျှော်ပေးနေတုန်းဘဲ ... ။ဒီလိုတွေ လုပ်နေလို့ ကျနော့်ကို အရာရာခွင့်လွှတ်တတ်တဲ့ ချစ်သူရဲကောင်းကြီးလို့ ထင်မနေကြနဲ့ .. ။ အမှန်တကယ် သတ္တိကြောင်နေတာ ... ။
ကျနော် သူ့ကို ပြဿနာရှာရင် ... ကျနော်သူ့ကို မေးခွန်းတွေမေးလိုက်ရင် .... ကျနော်သူ့ကို မျက်ရည်တွေကြပြပြီး ပြောလိုက်ရင် ... ကျနော့်ဘက်က ဖြေရှင်းချက်တွေကို နားထောင်ဖို့ ပြောလိုက်ရင် .... ..... သူပြန်ပြောမှာက .... ကျနော်လောကမှ အကြောက်ဆုံးအရာတစ်ခုဘဲ ဖြစ်လိမ့်မယ် .. ။
လမ်းခွဲခြင်း .... ဟင့်အင်း .... ကျနော် မကြားချင်ဘူး ..ကြားလည်းမကြားနိုင်ဘူး ။ သူ့ဆီက လမ်းခွဲမယ်ဆိုတဲ့ စကားကို နားထောင်ဖို့ ကျနော့်မှာ သတ္တိမရှိဘူး ..ခံနိုင်ရည်မရှိဘူး ။