Kai's P.O.V
မနက်အိပ်ရာနိုးတာနဲ့ မြင်လိုက်ရတာက အရင်လို Kyungsoo hyung ရဲ့ စောင်နဲ့လုံးထွေးနေတဲ့ မြင်ကွင်းမဟုတ် ။
အထုတ်ကြီးအထုတ်ငယ်နဲ့ အလုပ်ရှုပ်နေတဲ့ Sehun ။ ပြီးတော့ ပါးစပ်ကလည်း ပွစိပွစိနဲ့ ။
"" Sehun ငါတို့အခန်းထဲ ဘာဝင်လုပ်နေတာလဲ ""
"" Suho Hyung က အခန်းပြောင်းခိုင်းလိုက်လို့""
Sehun ရဲ့စူပုတ်ပုတ်နဲ့ မကျေမနပ်ဖြေသံ အပြီး ကျနော့်အတွေးထဲရောက်လာတာက Kyungsoo Hyung ။
အမြဲတမ်းတစ်ခန်းထဲ အတူတူနေခဲ့တာ ကျင့်သားရနေလို့လားမသိ Hyung မဟုတ်တော့ဘူးဆိုတဲ့ အတွေးကိုတွေးမိတော့ တစ်ခုခုကို အလိုမကျတဲ့ ခံစားချက်တွေပေါ်လာသည် ။ မနေ့ညကအထိ ကျနော့်ကုတင်ဘေးက သူ့ကုတင်မှာ ဘာစကားမှမဆိုဘဲ အိပ်နေပြီးတော့ အခုချက်ချင်းကြီး အခန်းပြောင်းတယ်ဆိုတာက .. ။"" Kyungsoo Hyung !""
အိပ်ခန်းထဲကနေ ပြေးထွက်ကာ သူရှိမယ့် အခန်းထဲဝင်သွားတော့ သူ့ရဲ့ပစ္စည်းတွေကို နေရာချနေတာတွေ့လိုက်ရသည်။ ဘယ်အချိန်ကတည်းက ထပြီးကြိုတင်ပြင်ဆင်ထားတာလဲ မသိ ။ တစ်ချို့တစ်ဝက်က သူ့နေရာနဲ့သူ အစီအစဉ်တကျတောင် ဖြစ်လို့နေပီ။
"" kai ah~ Wae ?? ""
ကျနော်ခေါ်လိုက်တာက တစ်ယောက် ။ ကျနော့်ကို ပြန်တုံ့ပြန်တာက တစ်ယောက် ။ Suho hyung က သူ့ရဲ့ ပစ္စည်းတွေကို အခန်းထဲပြောင်းရင်း ကျနော့်ကို မေးလိုက်သည်။
"" ဘာလို့ ရုတ်တရက်ကြီး အခန်းပြောင်းရတာလဲ ""
"" ဒီအတိုင်း အပြောင်းအလဲဖြစ်အောင်ပါ ""
Suho Hyung က ကျနော့်မေးခွန်းကို ပြန်ဖြေကာ သူ့ရဲ့ ပစ္စည်းတွေကို သယ်ဖို့အခန်းထဲကပြန်ထွက်သွားသည်။ ထိုအခါမှ ကျနော်လည်း အခန်းတံခါးပိတ်ကာ Kyungsoo Hyung ဘေးနားသွားထိုင်လိုက်သည်။
""ဘာလို့ ကျနော့်ကိုကြိုမပြောတာလဲ ""
ကလေးတစ်ယောက်က ဂျီကျတဲ့ပုံစံမျိုးဖြစ်ရင်ဖြစ်နေလိမ့်မယ်.. ။ ဘာတွေဘယ်လိုဘဲဖြစ်ဖြစ် Kyungsoo Hyung နဲ့ဆိုရင် ကျနော်က ကလေးဘဲ ။