D.O's P.O.V
အခုချိန်မှာ ဘဝဟာ ခါးသလား ချိုသလား စာမဖွဲ့ချင်သလို ကံကြမ္မာကို လက်ညိုးငေါက်ငေါက်ထိုးကာ ဆဲဆိုမှုမျိုးကိုလည်း လုပ်ဖို့ စိတ်ကူးမရှိ ၊၊
ခါးသီးလွန်းတဲ့ဘဝမှာ ချိုမြိန်မှုအနည်းငယ်ကို တောင့်တမိခဲ့တဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်ဖို့မိသည် ၊၊ မျက်နှသာမပေးတဲ့ ကံကြမ္မာမှာ ယောင်ယောင်မှားမှားတွေ့ရတဲ့ အလင်းအချို့ကို ဖမ်းဆုတ်ရန် ကြိုးစားမိသည့် ကိုယ့်ကိုကိုယ်သာ မုန်းတီးမိသည် ၊၊
အစကတည်းက မသိရန်ကောလားဆိုတော့ ...
တစ်နေ့ ... သူနဲ့ကျနော်အကြောင်းကို ပတ်ဝန်းကျင်သာ သိသွားရင်ဆိုပြီး လေးလေးနက်နက် စဉ်းစားခဲ့ပေမယ့် ပျော်ရွှင်မှုတွေ အချစ်တွေကြားမှာ စုံလုံးကမ်းကာ အဖြေတစ်ခုကို ရှောင်လွှဲခဲ့တဲ့ ကျနော် ... ၊၊တကယ်တမ်း ... သာမန်သူတွေမဟုတ်တဲ့ ကျနော်တို့နှစ်ယောက်ရဲ့ သဘာဝလွန်အချစ်တစ်ခုမှာ ထိခိုက်နစ်နာသူဟာ အများကြီးဆိုတာ သိလိုက်ရချိန် ... ရှေ့ဆက်ဖို့ အင်းအားအချို့ဟာ သူ့အလိုလို တပ်ဆုတ်သွားကြပြီ ၊၊
တိတ်တဆိတ် ဆက်တွဲရင်ကောဆိုတဲ့ စွန့်စားမှုတစ်ခုကို တွေးမိပြန်တော့ မျက်စိဒေါက်ထောက်ကြည့်နေမယ့် Ent. အကြောင်းက ခေါင်းထဲဝင်လာသည် ၊၊ ပြီးတော့ ... အဖွဲ့ဝင်တွေ ... ExoL တွေ ၊၊
ဒီထောင်ချောက်ထဲ သက်ဆင်းပြီးမှာ ရုန်းလေငြိလေဖြစ်မယ့် သားကောင်ဘဝမျိုးမှာ ဘယ်လိုရှေ့ဆက်ရမလဲ ၊၊
သေချာပေါက် စွန့်စားမယ့် ချစ်သူကကော ... ကျနော့်အတွေးတွေကို လက်ခံနိုင်ပါ့မလား ၊၊
ဒါမှမဟုတ် .... ကျနော့်ကို မုန်းသွားရင်ကော ... ၊၊
>>>>>>>>
'' မဖြစ်နိုင်တာ .. Hyung ဘာတွေပြောနေတာလဲ''
Practice Room ထဲမှာ သက်ပြင်းချသံတိုးတိုးနဲ့အတူ ရှေ့ဆင့်နောက်ဆင့်ထွက်လာတဲ့ ရယ်သံစွတ်နေသော ကောင်လေးအသံ ... ၊၊
ကျနော်နဲ့မျက်နှာချင်းဆိုင်က sofa ပေါ်မှာ ထိုင်နေတဲ့ ကောင်လေးက မယုံကြည်မှုတွေနဲ့အတူ ကျနော့်ကို ကြည့်နေသည် ၊၊