Do's P.O.V
သူ ကျနော့်ကို ... အရင်အတိုင်း ... လိုအပ်တဲ့ အချိန်တိုင်း ... အလိုက်မသိစွာ Hyung လို့ခေါ်နေတုန်းဘဲ ။
ကျနော်ကလား ??
အင်း ... အရင်တုန်းကလိုဘဲ ... ။
ဂရုစိုက်နေဆဲ ။
စိတ်ပူနေဆဲ ။
ချစ်နေဆဲဘဲ ။
တစ်ခါတစ်လေ သူ့မှာ .. အားနာစိတ်တွေဘာတွေမရှိဘူးလားလို့မေးကြည့်ချင်တယ် ။ ဘယ်လိုဘဲ အဖွဲ့ဝင်အချင်းချင်းဖြစ်နေပါစေ ကောင်းခြင်းမဟုတ်တဲ့အရာနဲ့ ပတ်သတ်ခဲ့ကြတာ မဟုတ်လား ။ သူ့ဘက်က ပေါ့ပေါ့ပါးပါးနဲ့ ပြောဆိုနိုင်ပေမယ့် ကျနော်က အဲ့ဒီလိုမှ မဟုတ်တာ ။
အရင်က သူ့အပြုံးတွေမြင်လိုက်ရတိုင်း စိတ်ထဲအေးချမ်းရပေမယ့် အခုတော့ ပူလောင်မှုကလွဲပီး ဘာမှမခံစားရ ။
ကျနော် ... သိနေတယ်လေ ။ သူ့ရဲ့အပြုံးတွေက ကျနော်မဟုတ်တဲ့ သူ့ချစ်သူ ကောင်မလေးကြောင့်ဆိုတာ ။
မမြင်ချင်ယောင်ဆောင်ကာ သူ့ကို လျစ်လျူရှုပေမယ့် တစ်ခါတစ်လေ သူနဲ့သူ့ကောင်မလေးဖုန်းပြောနေသံတွေကို ကြားရတာ ရင်ထဲမှာ နင့်နေအောင် ခံစားရသည် ။
ငိုချင်ရက်လက်တို့ဆိုသလို ... မကြားချင်ဆုံး သူ့နှုတ်ခမ်းပါးကထွက်တဲ့ တခြားသူတစ်ယောက်အတွက် ချစ်တယ်ဆိုတဲ့ စကားကိုများ ယောင်မှားလို့ကြားလိုက်ရင်ဖြင့် ကျနော့်မှာ မျက်ရည်တွေ ကြနေရုံကလွဲ၍ မတတ်နိုင်ခဲ့။
ဒီတော့ ကျနော် ဘာလုပ်ရမလဲ ။ လက်ညိုးငေါက်ငေါက်ထိုးကာ မင်းရက်စက်လွန်းတယ်လို့ ပြောရအောင်လည်း သူနဲ့ကျနော်က သက်ဆိုင်သူတွေမှ မဟုတ်တာ ။ အဲ့လိုဆိုတိုင်း သူ့ကိုရှောင်နေမယ်ဆိုပြန်လည်း ကြားထဲက Member တွေဘဲ နေရကျဉ်းကျပ်မည်လေ ။
နောက်ဆုံးတော့လည်း .... အရင်လိုပါဘဲ ။
နောက်ကွယ်မှာ မျက်ရည်ကျကာ လူတကာရှေ့မှာ ပြုံးရယ်နေရုံကလွဲ၍ မတတ်နိုင် ။