Kai's P.O.V
အကယ်၍..သူ ကျနော့်ကို မချစ်တော့ရင်
အကယ်၍..သူ ကျနော့်ကို မုန်းသွားရင်
အကယ်၍..သူ ကျနော့်ကို စိတ်ပျက်သွားရင်
အကယ်၍..သူ ကျနော့်ကို မယုံတော့ရင်
အကယ်၍..သူ ကျနော့်ကို သူငယ်ချင်းစည်းခြားလိုက်ရင်
အကယ်၍..အကယ်၍..အကယ်၍..မရေမတွက်နိုင်တဲ့ အကြောင်းပြချက်တွေကြားထဲမှာ တစ်ခါတစ်ရံ ကျနော့်ယုံကြည်မှုတွေ သိမ်ငယ်သွားသည်။
တဒင်္ဂလေးမှာ သူ့အချစ်ကို ပြန်လည်ရယူဖို့ ယုံကြည်ချက်ရှိသလောက် တဒင်္ဂလေးမှာဘဲ အကယ်၍တွေထပ်နေတဲ့ ခံစားချက်ကြောင့် ယုံကြည်မှုတွေ ဆုံးရှုံးသွားသည်။
သူသာမရှိရင် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကြုံတွေ့ရမယ့်အရာတွေ ရင်ဆိုင်ရမယ့် အဖြစ်အပျက်တွေ ခံစားရမယ့် နာကျင်မှုတွေကို တွေးမိပြန်တော့လည်း ခြောက်ခြားတုန်လှုတ်ကာ သူ့ရဲ့လက်ကို ဆုတ်ကိုင်ချင်ပြန်၏ ။
သို့သော် ... အရင်ကလို အတင်းအကျပ်ရယူဖန်တီးတဲ့ ဆက်ဆံရေးမျိုးကိုတော့ ကျနော် နောက်တစ်ကြိ မ်မဖန်တီးချင်တော့ ။
ဟုတ်ပါသည်။ ကျနော် Do Kyungsoo ဆိုတဲ့ ကောင်လေးကို စမြင်ကတည်းက ရယူပိုင်ဆိုင်ချင်ခဲ့မိ၏။
မြင်မြင်ချင်းအချစ်တွေ ဘာတွေ နားမလည်ခဲ့တဲ့ ထိုအချိန်တုန်းက ကကွက်တွေထက် ထိုကောင်လေးရဲ့လှုပ်ရှားမှုတွေကိုသာ ပိုမိုကျက်မှတ်ဖြစ်ခဲ့သည်။အချစ်လို့ခေါင်းစဉ်မတပ်ဘဲနဲ့ သူ့ကို ကျနော်ပိုင်ဆိုင်အောင် ကြိုးစားခဲ့သည်။အတင်းအကျပ်လုပ်ယူခဲ့တာလို့ ပြောရင် ပိုမှန်မလားဘဲ။သူကသာ မိသားစုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ကာ ကျနော့်ကိုနောက်ဆုံးမှာ လက်ခံခဲ့ပေမယ့် ကျနော်ကတော့ သူ့အပေါ် သိပ်လေးလေးနက်နက် မတွေးခဲ့ ။
ချစ်သူရည်းစားဆိုတဲ့ လူတွေသတ်မှတ်ပေးတဲ့ ဆက်ဆံရေးတစ်ခုမှာလည်း တစ်ကိုယ်ကောင်းဆန်တဲ့ အချစ်တွေသာ ပေးခဲ့သည် ။