sorry

6.4K 546 35
                                    

Kai's P.O.V

"" Kai ah~ညစာစားပြီးပီလား ""

Luhan Hyung က ပြန်​​ရောက်​တာနဲ့ ကျ​နော့်​ကို​မေးသည်​ ။ သူ့အ​ဖြေကို ​ခေါင်းငြိမ့်​ပြရင်း လက်​ထဲက​ဖုန်းကို အာရုံပြန်​စိုက်​လိုက်​သည်​ ။

ကျ​နော့်​မျက်​စိ​ရှေ့က​နေ Member ​တွေတစ်​​ယောက်​ပြီးတစ်​​ယောက်​သာ ဖြတ်​၍ အခန်းထဲ ဝင်​သွားသည်​ ။ တစ်​စုံတစ်​​ယောက်​​သောသူရဲ့ အရိပ်​အ​ယောင်​ကို မ​တွေ့ရ​သေး ။ ​သေချာ​အောင်​ အပြင်​​တောင်​ ထွက်​ကြည့်​လိုက်​​သေးသည်​။ ဒါ​ပေမယ့်​ ကာယကံရှင်​ရဲ့ အရိပ်​အ​ယောင်​​တောင်​ မ​တွေ့ရ ။ ​ပြော​တော့ Kyungsoo Hyung ရဲ့ ရူတင်​ကိုသွားတာဆို ။ အခု ကျန်​တဲ့သူ​တွေသာ ပြန်​လာတယ်​ သူကပြန်​မ​ရောက်​​သေး ။

"" Kyungsoo Hyung ​ကော ""

"" ရိုက်​ကူး​ရေးအဖွဲ့နဲ့ သွားစရာရှိလို့တဲ့ ""

Sehun က မီးဖို​ချောင်​က​နေ ကျ​နော့်​အ​မေးကို လှမ်း​ဖြေလိုက်​သည်​ ။ သူ့စကား​ကြောင့်​ စိတ်​ချလိုက်​ရ​ပေမယ့်​ နာရီကိုကြည့်​လိုက်​​တော့ ညဘက်​​တောင်​​ရောက်​​နေပြီ ။ တစ်​​နေ့လုံး ရိုက်​ကူး​ရေးလုပ်​​နေပြီး​တော့ မနားဘဲနဲ့ ​လိုက်​သွားတဲ့ သူ့ကို​တော့ သိပ်​အလိုမကျ ။ စိတ်​ထဲမှာလည်း ကျ​နော့်​ကို ​ရှောင်​ချင်​လို့ ဒီလိုလုပ်​​နေတာလားလို့ ​တွေးမိ​သေးတယ်​ ။

"" ​ပြန်​မလာ​လောက်​ဘူးတဲ့ ။ မင်းလည်းအိပ်​​တော့​လေ ။ မနက်​​စော​စောထရဦးမှာ ""

Sehun က သူ့ Pinku Pinku ကိုကိုင်​၍ Luhan Hyung အခန်းထဲမဝင်​ခင်​​ပြောသွားသည်​ ။

တစ်​​ယောက်​တည်းကျန်​ခဲ့တဲ့ ကျ​နော်​သာ သက်​ပြင်းချသံသဲ့သဲ့နဲ့ ။ သူအဲ့လို အပြုအမူ​တွေလုပ်​​တော့ အလကား​နေရင်း ကျ​နော်​ပါ စိတ်​ရှုတ်​ရတယ်​မဟုတ်​လား ။ ကျ​နော်​က အမှားလုပ်​ခဲ့တယ်​ဆိုတာ ဝန်​ခံ​ပေမယ့်​ ပြီးတာကပြီးသွားပီ​လေ ။

>>>>>>>>

တစ်​ပတ်​ မဟုတ်​ဘူး တစ်​ပတ်​​ကျော်​လို့ နှစ်​ပတ်​​တောင်​ ပြည့်​​တော့မယ်​ ။ Kyungsoo Hyung နဲ့စကားမ​ပြောရတာ ။ စကား​ပြောဖို့​နေ​နေသာသာ သူ့ကို​တွေ့ဖို့​တောင်​ မလွယ်​ကူ​တော့ ။ အဖွဲ့အတွက်​သာမက drama ရိုက်​​နေရ​သော သူက Dorm မှာ​တောင်​ သိပ်​မ​နေရ ။ ကျ​နော်​ အိပ်​​ပျော်​​နေချိန်​ သူပြန်​​ရောက်​ကာ ကျ​နော်​ မနိုးခင်​ သူက ပြန်​သွားရ​တော့ မျက်​နှာချင်းဆိုင်​ဖို့​တောင်​ ​တော်​​တော်​ခက်​ခဲသည့်​ အ​ခြေအ​နေ ။

Mr . IdoL !Where stories live. Discover now