D.O's P.O.V
သူ့မှာ ... ချစ်သူရှိတယ် ။
သူက ... မင်းကို မချစ်ဘူး ။
သူက ... မင်းကို လှည့်တောင်မကြည့်ဘူး ။
သူက ... မင်းကို သူငယ်ချင်းထက်မပိုဘူး ။
ဒါတွေအကုန်လုံးကို Alarm ပေးထားသလို ကျနော့် စိတ်ထဲမှာ ရေရွတ်နေမိသည် ။ သူ .. ကျနော့်ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ကြည့်တိုင်း ... ။ သူ .. ကျနော့်ကို နွေးနွေးထွေးထွေး ဆက်ဆံတိုင်း ... ။ သူ .. ကျနော့်ကို ပြုံးပြတိုင်း ... ။ သူ .. ကျနော့်နား ရောက်လာတိုင်း ... ။ ကျနော် လက်ခံဖို့ကြောက်တဲ့ အမှန်တရားတွေကို ရေရွတ်နေရတာ။
နာကျင်တယ်ဆိုတာထက် ခံပြင်းမိသည် ။ သူ့ဘက်က အပြုအမူသေးသေးလေးတွေကအစ သည်းမခံနိုင်လောက်အောင် စိတ်လှုပ်ရှားနေမိတတ်တဲ့ ကိုယ့်ဟာကို ခံပြင်းမိသည် ။အချိန်တွေက ကုစားသွားမှာပါဆိုတဲ့ စကားကို ကျနော် မျှော်လင့်တကြီး ဆုတ်ကိုင်ထားခဲ့ပေမယ့် အခုတော့ ကိုယ့်ကိုကိုယ် ပြန်မေးမိနေပြီ ။ အဲ့ဒီ မျှော်လင့်ချက်ဆိုတာကြီးက ကျနော့်ဘဝမှာ ရှိရောရှိခဲ့ရဲ့လား လို့ ။
သူ့ကို မေ့ဖို့ထက် ... သူနဲ့အရင်လို ပြန်နေနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကို ပိုပြီး ဆုတ်ကိုင်နေမိတာ မဟုတ်လား ။
သက်ပြင်းချသံအဆုံးမှာ Hongbin ဆီမှ အကြည့်စူးစူး ကကျနော့်ဆီရောက်လာသည် ။
"" ဘာဖြစ်လို့ကြည့်တာလဲ ""
တရားခံကိုကြည့်တဲ့ ပုံစံမျိုးနဲ့ကြည့်နေ၍ မေးလိုက်သည်။
""မင်း တကယ်နေမကောင်းတာလား ""
အသည်းအသန် ဖုန်းဆက်ကာ ချက်ချင်းလာခေါ်ပေးပါ ဘာညာနဲ့ ပြောလိုက်ပေမယ့် အခုကျတော့ ဆေးခန်းလည်း မသွားသလို ဘယ်မှမသွားဘဲ ကားထဲမှာဘဲ ထိုင်နေတော့လည်း .. မေးသင့်ပါတယ် ။
"" ဘာလဲ ။ နေကောင်းတယ်ဆိုရင် မင်းကငါ့ကို ကားပေါ်ကကန်ချမလို့လား ""