D.o's P.O.V
ဆေးရုံရဲ့ မသတီစရာအငွေ့အသက်တွေကို ကျနော် ရှုသွင်းလိုက်ကာ သက်ပြင်းချမိလိုက်သည် ၊၊ ရှေ့မှာရှိနေတဲ့ တံခါးလက်ကိုင်ပေါ်မှာ လက်အစုံက နေရာယူပြီးနေပေမယ့် ခြေလှမ်းတွေက နောက်ဆုတ်နေမိပြန်၏ ၊၊
လူနာ နာမည်နေရာမှာ သူ့နာမည်လေးတွေ့ပြန်
တော့လည်း လှည့်ပြန်ရန်ပြင်နေတဲ့ခြေလှမ်းတွေက အားမရှိချင်တော့ ၊၊သူ Kim Jongin ခြေထောက်ထိသွား၍ ဆေးရုံရောက်နေသည်လေ ၊၊ ကိုယ့်အသားနာတာ
ထက် သူ့အသားနာတာကို ပိုနာကျင်မိတတ်သော ကျနော်အဖို့ သတင်းကြားကြားခြင်း ရှိသမျှ အလုပ်တွေပစ်ကာ ရောက်လာပေမယ့် တကယ်တမ်းကျပြန်တော့ တွေဝေမိနေ၏ ၊၊ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက နေမကောင်းဘူးဆို၍ ကျနော့်ဆီကို စာတွေပို့ကာ ပြောတဲ့ သူ့ကို စိတ်ပူနေရတဲ့ ကျနော် ... ချက်ချင်းအပြေးသွားချင် ပေမယ့် စိတ်ကို ထိန်းထားခဲ့မိသည် ၊၊သို့သော် ..... အခုတော့ ရောက်နေတာဘဲ မဟုတ်ပါလား ၊၊
Member တစ်ယောက်အနေနဲ့ပါ ဟူ၍ တွေးကာ တံခါးကို နည်းနည်းလေးဖွင့်၍ အထဲကိုကြည့်မိ
တော့ ဆေးရုံဝတ်စုံနဲ့ သူ့ကို ကုတင်ပေါ်မှာတွေ့လိုက်ရသည် ၊၊ ညာဘက်ခြေထောက်က ပတ်တီးအဖွေးသားနဲ့ ၊၊ နေမကောင်းဖြစ်ထား၍လားမသိ မျက်နှာလေးက ညိုးနေသည် ၊၊''Hyung ''
နောက်ဆုံးတော့ တံခါးကနေ ချောင်းကြည့်နေတဲ့ ကျနော့်ကို မြင်သွားတဲ့ ပုံပင် ၊၊ ကလေးတစ်ယောက်လို ပြုံးကာ ခေါ်လိုက်ပုံများ ကျနော် မသိလိုက်ခင်မှာပင် သူ၏ အပြုအမူကြောင့် ပြုံးမိလိုက်သည် ၊၊
''သက်သာရဲ့လား ''
ကျနော့်အမေးကို မဖြေဘဲ ပြုံးကာ ကျနော့်ကို သူ့ဘေးနားလာရန် ခေါ်သည် ၊၊ သံလိုက်တစ်ခုလို မဆွဲခင်ကတည်းက ပါနေတတ်တဲ့ ကျနော် ဒီတစ်ခါလည်း သူ့ဘေးနားကို လှမ်းလိုက်ပြန်၏၊၊
''Hyungကို တွေ့ရလို့ သက်သာသွားပြီ ''
မပြောင်းလဲသေးတဲ့ ကျနော် ချစ်ရသူ၏ ကလေးဆန်ဆန် စကားတစ်ခွန်းမှာ ကျနော်ဟာ ဆယ်ကျော်သက်လေးတစ်ယောက်လို ရှက်မိပြန်၏၊၊