[Unicode Version]
Episode (2)
Baekhyun လည်း Kyung Soo ငိုနေသည်မို့ အတန်းထဲ မပြန်တော့ပဲ တက္ကသိုလ်ထဲမှာရှိသည့် ပန်းခြံကိုပဲ ခေါ်သွားလိုက်သည်။ပန်းခြံရောက်တော့မှ လူရှင်းသည့်နေရာက ခုံတန်းမှာ နှစ်ယောက် ဝင်ထိုင်လိုက်သည်။
"Kyung Soo ဘာဖြစ်တာလဲ။ဘာလို့ အဲ့လောက်ငိုနေတာလဲ။မျက်လုံးတွေလည်း ဖောင်းနေပြီ"
Baekhyun မေးတော့ Kyung Soo လည်း တွဲလွဲခိုနေသေးသည့် မျက်ရည်စတွေကို သုတ်ရင်း ဖြေလိုက်သည်။
"ငါက မိဘမဲ့တစ်ယောက် Baekhyun။ငယ်ငယ်ကတည်းက မိဘမဲ့ဂေဟာမှာ နေခဲ့တာ။ငါ့ကို ပြုစုခဲ့တဲ့ စစ်စတာ အပြောအရတော့ ဘုရားကျောင်းရှေ့မှာ ငါ့ကိုပစ်သွားတာတဲ့။"
"အွန်း..."
"ငါ့ကို အဲ့စစ်စတာက သူ့သားအရင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ခဲ့တာ။သူက ငါအသက်ဆယ်နှစ်ပြည့်ပြီး နောက်တစ်နေ့မှာပဲ ဆုံးသွားတယ်။ငါနောက်ဆုံး သူ့ဆီက ရခဲ့တဲ့ မွေးနေ့လက်ဆောင်က ဖန်ဘူးလေ...သူကိုယ်တိုင် သူနဲ့ငါ့ပုံလေးဆွဲထားတဲ့ ဖန်ဘူးလေး။"
"မင်း နေ့လယ်က လွယ်အိတ်ထဲက ထုတ်လိုက်တဲ့ ရေဘူးလား။"
"ဟုတ်တယ်။ဒိနေ့ မင်းတို့ ထွက်သွားတော့ Kim Jongin က ငါ့ဆီ ရောက်လာပြီး အနံ့အသက်မကောင်းတဲ့ဟာတွေမစားနဲ့ဆိုပြီး ငါ့ထမင်းဘူးကို ဆွဲလုလိုက်တော့ ရေဘူးလေးပါ ကွဲသွားတယ်။ငါ...ငါအရမ်းတန်ဖိုးထားတဲ့ ရေဘူးလေ။စစ်စတာကြီးနဲ့ ပတ်သတ်တဲ့အမှတ်တရဆိုလို့ ဒီရေဘူးလေးပဲရှိတော့တာ။"
"တောက်ခ်...ငါ မင်းအစား ဒေါသထွက်လိုက်တာ Kyung Soo ရာ"
"အဲ့တာနဲ့ ငါ ကွဲသွားတဲ့ဖန်အပိုင်းအစတွေကို လိုက်ကောက်ရင်း လက်က ခုလို ဖြစ်သွားတာ။ငါဘယ်လိုပဲ ပြန်ကောက်ကောက် အရင်လိုတော့ ဖြစ်တော့မှာမဟုတ်ဘူး။"
"ငါ မင်းအစား သူ့ကို ထိုးပေးရမလား။ရန်ဖြစ်ပေးရမလား။"
"သူကငါ့ကို ကွဲသွားတဲ့ရေဘူးအတွက် ပိုက်ဆံပေးတာမို့ ငါလည်း ဒေါသထွက်ပြီး ဆွဲထိုးခဲ့တယ် Baekhyun"
"တော်တယ် Kyung Soo။အဲ့လိုကောင်က အဲ့တာနဲ့ပဲ တန်တယ်။ဒါပေမဲ့ မင်း အခုကစပြီး အစစအရာရာ သတိထားရတော့မယ် Kyung Soo"
YOU ARE READING
Please Come Back To Me#Completed (Unicode & Zawgyi)