[Unicode Version]
Episode (12)
မနက်မိုးလင်းတော့ Jongin က အရင်နိုးကာ သူ့ရင်ခွင်ထဲမှာ လုံးလုံးလေးအိပ်ပျော်နေသည့် Kyung Soo နဖူးလေးကို နမ်းလိုက်သည်။နွေးထွေးလှသည့်အနမ်းကြောင့် Kyung Soo လည်း လူးလှိမ့်ရင်းဖြင့် နိုးလာသည်။
"မောနင်းပါ မောင့်အချစ်"
"မောနင်း မောင်။ဘယ်နှနာရီ ရှိနေပြီလဲ"
"ကိုးနာရီခွဲနေပြီ။"
"မောင် ပြန်ဝတ်ပေးထားတာလား အဝတ်အစားတွေက"
"ဟုတ်တယ်။မောင်သန့်ရှင်းရေးလုပ်ပြီး ပြန်ဝတ်ပေးထားတာ။ဖွားပြင်ပေးလိုက်တာလေးတွေ စားပြီး မောင်တို့ ရွာထဲပြန်ကြတာပေါ့"
Jongin ပြောပြီး လှဲနေရာမှ ထလိုက်သည်။Kyung Soo ကိုလည်း ထူပေးရင်း မေးလိုက်သည်။
"Kyung အဆင်ပြေရဲ့လား။အရမ်းနာနေလား။ဒီမှာစောင့်နေနော်။ကိုယ်မျက်နှာသစ်ဖို့အတွက် ပုဝါကို ရေစွတ်ပေးမယ်"
Jongin ပြောပြောဆိုဆိုနှင့် Tent အပြင်ထွက်ကာ ကြည်လင်ကာ အေးမြနေသည့်မြစ်ရေအနည်းငယ်အား ပုဝါမှ စွတ်ပြီး ရေညှစ်လိုက်သည်။သူကိုယ်တိုင်လည်း မြစ်ရေဖြင့်သာ မျက်နှာသစ်လိုက်ပြီး ရေစွတ်ထားတဲ့ပုဝါကို ယူကာ ပေးလိုက်သည်။မနေ့ညက ကိစ္စကြောင့် အနည်းငယ်ရှက်နေပုံရသည့် Kyung Soo ရဲ့ ပန်းနုရောင်သမ်းနေသည့် မျက်နှာလေးကို Jongin သဘောတကျ ကြည့်နေရင်း စချင်စိတ်ပေါ်လာသည်။
"Kyung မနေ့ညကလေ ကိုယ်စိတ်မထိန်းနိုင်ပဲ အတော်လေးကြမ်းမိ"
"မပြောနဲ့တော့။"
"Kyung ကလည်းကွာ၊ရှက်စရာမှ မဟုတ်တာကို။မနေ့ညက ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် အကုန်မြင်ဖူးပြီးပြီလေ"
"မောင် မပြောပါနဲ့ဆို။"
"အင်းပါ။အင်းါ။မောင် မပြောတော့ဘူး။လာ ဖွားက ထမင်းလိပ်နဲ့ကော်ဖီထည့်ပေးလိုက်တာလေး စားရအောင်။"
နှစ်ယောက်သားရွက်ဖျင်တဲလေးရဲ့ အရှေ့မှာ ထိုင်လိုက်ကြပြီး ဖွားလုပ်ပေးလိုက်သည့် ထမင်းလိပ် နဲ့ ကော်ဖီကို မနက်စာအဖြစ် စားလိုက်ကြသည်။ထို့နောက် ရွက်ဖျင်တဲကို ပြန်ခေါက်သိမ်းကာ Jongin ကပဲ ရွက်ဖျင်တဲလိပ်ကိုရော အစားအသောက်ခြင်းကိုရော ပြန်သယ်လာလိုက်သည်။မနေ့ညက ပင်ပန်းထားသည်ကြောင့်ရော၊ရွက်ဖျင်တဲထဲမှာ အိပ်ခဲ့သည်ကြောင့် Kyung Soo နေမကောင်းချင်သလိုဖြစ်လာသည်။ထို့ကြောင့် ရွာရောက်သည်နှင့် ဖွားကို ပြန်ရောက်ကြောင်းပြောကာ အခန်းထဲမှာ ဝင်နားခဲ့သည်။
![](https://img.wattpad.com/cover/52733889-288-k300860.jpg)
YOU ARE READING
Please Come Back To Me#Completed (Unicode & Zawgyi)