Episode 6

1.3K 145 0
                                    

[Unicode Version]

Episode (6)

သုံးနာရီလောက်ကြာအောင် မောင်းပြီးချိန်မှာတော့ ပင်လယ်ကို လှမ်းတွေ့နေရပြီ ဖြစ်သည်။Jongin ကားကို လမ်းဘေးထိုးရပ်လိုက်သည်နှင့် တစ်ပြိုင်နက် Kyung Soo ပင်လယ်ဆီ ပြေးသွားမလို့ လုပ်နေသည်မို့ လှမ်းတားလိုက်ရသည်။

"Kyung Soo ခဏနေဦး။"

"ဘာလဲ Jongin ရာ။ငါ ရေဆော့ချင်တယ်။ခုလို ပင်လယ်မသွားဖြစ်တာ ကြာပြီ။"

"မနက် မိုးလင်းမှ ဆော့။မင်း ပင်လယ်ဘက်လည်း ကြည့်ဦး။မှောင်မဲနေတာပဲ။သောင်ပြင်မှာ ဘာရှိလဲသိတာမှ မဟုတ်တာ"

Jongin ပြောတာလည်း အမှန်မလို့ Kyung Soo လည်းစူပုတ်ပုတ်ဖြင့်သာ ကားပေါ်မှာ ပြန်ထိုင်နေရသည်။ခုတလော Jongin နဲ့အတူရှိသည့်အချိန်တိုင်းလိုလို အရင်လိုမဟုတ်ပဲ ပိုပိုပြီးကလေးဆန်ဆန်ပြုမူနေမိသည်ကို Kyung Sooတစ်ယောက် သူ့ကိုယ်သူတော့ သတိမထားမိခဲ့။

"စူပုတ်မနေနဲ့။ခဏနေ နေထွက်တာကြည့်ပြီးရင် မင်းဆော့လို့ရပြီပဲကို။ခုပဲ မနက်သုံးနာရီရှိနေပြီလေ။"

"မစူပုတ်ပါဘူး။ဒါနဲ့ ငါမင်းကို တောင်းပန်ပါတယ်။"

"ဘာအတွက်လဲ။မင်းငါ့အပေါ်တောင်းပန်စရာကောင်းတဲ့အရာတွေ တစ်ခုမှမလုပ်ထားခဲ့ပါဘူး"

"ငါမင်းကို ထိုးခဲ့တယ်လေ။ရေဘူးကွဲသွားတုန်းကလေ"

"ဒါက ငါ့အလွန်ပဲလေ။ဒီရေဘူးက မင်းအတွက်တန်ဖိုးရှိတဲ့အရာမလား။အမှန်ဆို ငါကတောင် မင်းကိုပြန်တောင်းပန်ရဦးမှာ Kyung Soo။"

နှစ်ယောက်သား ရောက်တတ်ရာရာပြောပြီး နေထွက်ချိန်နီးလာချိန်မှာတော့ ကားနောက်ဖုံးမှာ ပါလာသည့်စောင်ကို သဲသောင်ပြင်မှာခင်းပြီး နှစ်ယောက်သားထိုင်လိုက်ကြသည်။ခဏအကြာ နေထွက်ချိန်ကလှလွန်းသည်မို့ ဝါးခနဲဖြစ်သွားရသည်။

"Jongin ကြည့်ကြည့်။အရမ်းလှတာပဲနော်။"

Kyung Soo နေထွက်လာသည်ကို ကြည့်ပြီး သဘောကျလွန်းသည်မို့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း ပြောလိုက်သည်။Jongin လည်း နေထွက်နေကိုကြည့်နေရာမှ Kyung Soo ဘက်ကို ကြည့်လိုက်မိသည်။နေထွက်ချိန်မို့ မြင်နေရသည့်မျက်နှာနုနုလေးနှင့် အပြုံးလှလှလေးဖြင့် Kyung Soo ကို  Jongin မှင်သက်စွာ ကြည့်နေမိသည်။ပြီးမှ ခပ်တိုးတိုးလေး ပြောလိုက်သည်။

Please Come Back To Me#Completed (Unicode & Zawgyi)Where stories live. Discover now