Episode 4

1.5K 164 1
                                    

[Unicode Version]

Episode (4)

Kyung Soo ရှက်စိတ်ကြောင့် ထိုနေရာမှာပင် အငွေ့ပျံကာ ပျောက်ကွယ်သွားချင်မိသည်။ငယ်ငယ်ကတောင် စစ်စတာကြီး ရေချိုးပေးသည်ကိုတောင် လက်မခံပဲ သူ့ဘာသာတစ်ယောက်တည်းပဲ ရေချိုးတတ်သည်အထိ Kyung Soo သည် ရှက်တတ်ပါသည်။သူ့အား ပြုံးစစဖြင့် ကြည့်နေသည့် Jongin ကို ဘုကြည့်ကြည့်ကာ လှမ်းအော်လိုက်သည်။

"ဘာကြည့်နေတာလဲ"

"ဘာမှ မဟုတ်ပါဘူး။ဒီတိုင်းပဲ"

"ဒါဆို ဘာလို့ ကြည့်နေတာလဲ။ကျေးဇူးတင်ခံချင်လို့လား။မင်းကိုယ်တိုင်ပဲ ငါ့ကို တွန်းချပြီး ကျေးဇူးတင်ခံချင်လို့တော့ မရဘူးနော်"

"ဟာ့ မင်းကို တွန်းချတာ ငါမဟုတ်ဘူး။တခြားကောင်။မင်းကို တွန်းချတဲ့ကောင်ကို ကျောင်းသားရေးရာလက်ထဲကို အပ်ခိုင်းတာတယ်။မင်းသူငယ်ချင်းလည်း ပါသွားတယ်။မင်း မယုံရင် နောက်ကျမှ ကိုယ်တိုင်မေးကြည့်"

"ဒါ ဒါဆိုလည်း ဘာလို့ အဝတ်အစားလဲတုန်းက အဲ့နေရာကို ကြည့်ပြီး လဲရတာလဲ။နှာဘူးကောင်"

"မင်း ငါ့ကို တော်တော်လေးကို အကောင်းမမြင် ဖြစ်နေတာပဲ Do Kyung Soo။ဘယ်သူ့က သက်သက်မဲ့ အဲ့နေရာကို  ကြည့်မှာလဲ။မင်းမှာ ပါတာလဲ ငါ့မှာ ပါတာပဲကို။လဲပေးရင်းနဲ့ မတော်တဆ မြင်မိတာလေ"

Kyung Soo ရှက်လို့ တမင်သက်သက် လိုက်ပြောနေမှန်း Jongin သိပါသည်။ထို့ကြောင့်လည်း Jongin ပိုပြီး စနောက်ချင်စိတ်ဖြစ်လာခဲ့သည်။ပုံမှန်ဆိုရင်တော့ ဘာကြောင့်ပဲ ပြောပြော၊သူ့ကို ထိုသို့ပြောသည်သူကို လက်သီးနှစ်ချက်လောက် ပစ်ကျွေးလိုက်မိပြီ ဖြစ်သည်။သို့ပေမဲ့ Kyung Soo ပြောသည်ကိုတော့ သူ စိတ်မဆိုးနိုင်ပဲ စချင် နောက်ချင်စိတ်များသာ ပေါ်လာခဲ့သည်။

"နှာဘူးကြီး ဟုတ်လား။အဟက်ခ်ငါ နှာဘူး ဟုတ်၊မဟုတ် သိချင်တာလား။သိချင်ရင် ပြပေးမယ်လေ သက်သေ။ဘယ်လိုလဲ။သိချင်တယ်မလား"

Jongin ပြောပြီး ကုတင်ကို ခြေရင်းပိုင်းကနေ အပေါ်တက်လာခဲ့သည်။

"ငါ မသိချင်ပါဘူး"

"ဒါပေမဲ့ ငါက ပြချင်သွားပြီလေ။မင်း ငြင်းတာ နောက်ကျသွားပြီ Do Kyung Soo"

Please Come Back To Me#Completed (Unicode & Zawgyi)Where stories live. Discover now