Episode 10

1.2K 134 1
                                    

[Unicode Version]

Episode (10)

Jongin သောကြာနေ့မရောက်ခင်နေ့အထိ Kyung Soo နဲ့အတူတူ ထိုရွာလေးမှာပဲ နေခဲ့သည်။Kyung Soo လယ်ထဲဆင်းရင် အတူလိုက်ဆင်းပေးပြီး ထမင်းဟင်းချက်ရင်လည်း ကူညီပေးသလို ညအိပ်ရာဝင်တိုင်း Kyung Soo ကိုတင်းနေအောင် ဖက်ထားပြီးမှ အိပ်ဖြစ်သည်။အဖွားကပင် သူတို့နှစ်ဦးကို ကြည့်ကာ ကြင်စဦးမောင်နှံတွေနဲ့ တူတယ်လို့ ပြောတတ်ကြသည်။မနက်ဖြန်မနက် Jongin ပြန်ရမည် ဖြစ်သောကြောင့် ညစာစားပြီးကတည်းက နှစ်ယောက်လုံး မျက်နှာမကောင်းကြတော့ အဖွားကပင် သတိထားမိသွားသည်။

"ငါ့မြေးတို့ မေတ္တာသာမှန်ရင် ပေါင်းဖက်နိုင်တယ်ဆိုတဲ့စကားကို မှတ်ထားကြ။ကဲ ဖွားသွားနားတော့မယ်။ငါ့မြေးတို့ စကားအေးဆေးပြောကြ။ပြောစရာတွေ၊မှာစရာတွေ များနေလောက်တယ်မလား"

အဖွားက ပြောပြီး သူ့အခန်းထဲသူသာ စောစောဝင်သွားခဲ့သည်။ပုံမှန်ဆိုရင်တော့ ညစာစားပြီးရင် နာရီဝက်လောက်တော့ အဖွားက စကားပြောတတ်ပေမဲ့ ဒီနေ့တော့ စောစီးစွာ ဝင်နားခဲ့သည်။

"Kyung အဖွားပြောတဲ့စကားကို ယုံတယ်မလား။"

"အင်း။အဲ့စကားကို ယုံပေမဲ့ ဘာဖြစ်မယ်မှန်းမသိတဲ့ ကံကြမ္မာကို ငါမယုံရဲတာ။ငါ ကြောက်တယ် Jongin။မင်းကို ထပ်မတွေ့ရတော့မှာ ကြောက်တယ်။ငါ့ဘဝမှာ ခုမင်းပဲ ရှိတော့တာ။မင်းကပါ ငါ့ကိုထားခဲ့မယ်ဆိုရင် ငါပြန်ရပ်တည်ဖို့ မလွယ်ကူလောက်ဘူး"

"ကိုယ်မင်းကို မထားခဲ့ပါဘူး။ကိုယ်ကတိပေးထားတာပဲ။ကိုယ်မင်းဆီကို သေချာပေါက်ပြန်လာမှာပါ Kyung။ကိုယ့်ဆီမှာ မင်းကိုထားခဲ့ဖို့ဆိုတဲ့အတွေးလုံးဝမရှိဘူး"

Kyung Soo သက်ပြင်းချလိုက်မိသည်။သူတို့အနာဂတ်က အရမ်းကို ဝေဝါးလွန်းလှသည်။ဘာတွေဆက်ဖြစ်လာနိုင်မှာလဲဆိုတာကို သူတို့ ကိုယ်တိုင်လည်း မသိနိုင်ဘူးမလား။Jongin လည်း ရင်မောနေပုံရသည့် Kyung Soo အား ဖက်လိုက်တော့ သူ့ရင်ခွင်ထဲကို ခေါင်းလေးတိုးဝင်လာသည်။

"ကိုယ်မင်းကိုသိပ်ကို ချစ်ရပါတယ် Kyung ရယ်"

"ငါလည်းမင်းကိုချစ်တယ်"

Please Come Back To Me#Completed (Unicode & Zawgyi)Where stories live. Discover now