Episode 11

1.3K 133 0
                                    

[Unicode Version]

Episode (11)

Chanyeol ပြောပြမည်ကို စောင့်စားရင်း Kyung Soo လည်း စိတ်တွေလှုပ်ရှားနေမိသည်။

"ကျောင်းဖွင့်ခါစက မင်းနဲ့သူ ကတောက်ကဆဖြစ်ခဲ့တာ မှတ်မိတယ်မလား။မင်းသူ့ကို ထိုးလိုက်မိတာလေ"

"အင်း။ငါ အဲ့တုန်းက နည်းနည်းလွန်သွားတယ်"

"မင်းဘက်က နည်းနည်းလွန်သွားတယ်ဆိုပေမဲ့ Jongin ဘက်ကကြည့်ရင်တော့ အတော်လွန်တဲ့ကိစ္စပဲ"

"သူတမင်လုပ်ခဲ့တာမျိုးတော့ မဟုတ်မှန်းငါသိပေမဲ့ ငါတန်ဖိုးထားရတဲ့ပစ္စည်းလေးကိုမှသူက ရွေးပြီးဖျက်စီးခဲ့တာလေ"

"အင်း။မင်းဘက်ကကြည့်ရင်လည်း မှန်ပါတယ်။Jongin က သူ့အသားကိုနာအောင်သိပ်မုန်းတဲ့လူစားမျိုးဆိုတာ မင်းသိလား။သူ့ဘဝမှာ သူ့ကိုအသားနာအောင်လုပ်ခဲ့တဲ့သူတိုင်းကို တစ်နည်းမဟုတ်တစ်နည်း လက်စားချေတတ်တယ်။သူ့Eomma ဆီက ရလာတဲ့မကောင်းတဲ့အကျင့်တစ်ခုပေါ့"

"ဒါဆို ငါ့ကိုရော"

"ငါ အဓိကပြောချင်တာအဲ့တာ။မင်း Jongin ကို အဲ့လိုထင်သွားမှာ စိုးရိမ်တယ်။အဲ့ကောင်က သူ့စိတ်သူတောင် ရှင်းရှင်းလင်းလင်းသိပြီး လက်ခံတာမျိုးတောင် မဟုတ်သေးတာမို့ မင်းတို့ကြား ဆက်ဆံရေးက ပိုပြီး ဆိုးရွားသွားမှာ စိုးရိမ်လို့ ငါမင်းကို ခုလိုလာပြောတာပဲ"

"မင်းပြောချင်တာက ဘာလဲ Chanyeol"

"Jongin အတွက် မင်းက အစကတည်းက ထူးခြားတဲ့သူတစ်ယောက်ပဲ Kyung Soo။မင်းကို စတွေ့ကတည်းက ပုံမှန်သူဆို သုံး၊လေးခါ ဆုံမှ မှတ်မိတတ်တဲ့ Jongin က မင်းကိုတော့တခါကြည့်ရုံနဲ့တင် မင်းမျက်နှာအသေးစိတ်ထိ သူမှတ်မိတယ်။ငါ့ကိုတောင် Chanyeol လို့ပဲ ခေါ်ခဲ့တဲ့သူက မင်းသူ့ကို ငြင်းတာကြောင့် ဒေါသထွက်တာတောင် သူမင်းကို ခေါ်တဲ့နာမ်စားက Kyung တဲ့။ပြီးတော့ သူအခု မင်းကို ဒီကိုလာခိုင်းခဲ့တာလည်း သူ့ Eomma ကြောင့်"

"သူ့ Eomma က ငါ့ကို ဒုက္ခပေးမှာစိုးလို့လား"

"ဟုတ်တယ်။Mrs.Kim က ငါတို့ထင်ထားတာထက် ပိုပြီး ရက်စက်တတ်သလို ကြောက်ဖို့လည်းကောင်းတဲ့အမျိုးသမီးပဲ။သူ မင်းဆီကို လာတဲ့ကိစ္စကို လက်စားချေဖို့လို့ပဲ သူ့ Eomma ကိုပြောခဲ့တာတောင် သူ့ Eomma က မယုံပဲ Hae Young ဆိုတဲ့သူနဲ့စေ့စပ်ပွဲလုပ်ခိုင်းကတည်းက ဘယ်လောက်ထိစေ့စပ်တဲ့အမျိုးသမီးလဲဆိုတာကို မင်းတွေးကြည့်ပေါ့"

Please Come Back To Me#Completed (Unicode & Zawgyi)Where stories live. Discover now