Episode 8

1.2K 144 0
                                    

[Unicode Version]

Episode (8)

Jongin ပခုံးတစ်ဖက်က စိုရွှဲလာသည်ကို ခံစားမိတော့ Kyung Soo မျက်ရည်များအား သုတ်ပေးလိုခဲ့သည်။ထို့ကြောင့် Kyung Soo အား သူ့ရင်ခွင်ထဲမှထုတ်ကာ မျက်နှာလေးအားမော့စေပြီး မျက်ရည်များသုတ်ပေးနေစဉ် နှစ်ယောက်သားမျက်လုံးချင်း စုံသွားခဲ့ပေသည်။တစ်ယောက်ကိုတစ်ယောက် ကြည့်နေတုန်းမှာပင် Jongin မျက်နှာက ရှေ့တိုးလာသည်မို့ Kyung Soo လည်းအလိုက်သင့်ပင် မျက်လုံးလေးအား မှိတ်ထားလိုက်သည်။နှုတ်ခမ်းနှစ်ခုက အချိန်အတော်ကြာမြင့်သည်အထိ ထိကပ်ရင်း လှပသည့်အနမ်းတစ်ခုကို ပုံဖော်နေခဲ့ကြသည်။ခဏအကြာမှ Kyung Soo သတိဝင်သည့်သူလိုမျိုး Jongin အား တွန်းထုတ်လိုက်သည်။

"ငါ ငါ စိတ်လွတ်သွားတာ Jongin။ငါ့စိတ်အားငယ်နေတဲ့အချိန်မလို့ ငါကိုယ်ငါတောင်မသိလိုက်ပဲနဲ့"

သူ့အား အသည်းအသန်တွေရှင်းပြနေသည့် Kyung Soo လက်အား ဆွဲလိုက်တော့ ခန္ဓာကိုယ်ကပါ အလိုက်သင့်ပါလာခဲ့သည်။ထို့ကြောင့် Kyung Soo သည် Jongin ပေါင်ပေါ်တက်ထိုင်နေသည့် အနေအထားမျိုး ဖြစ်သွားခဲ့သည်။

"ကိုယ်ကတော့ တမင်ကို နမ်းတာ။ကိုယ်မြတ်နိုးရတဲ့ကောင်လေးနဲ့ နီးနီးကပ်ကပ်ရှိနေတာလေ။ကိုယ်မင်းကို နမ်းမိတာ ဆန်းတာမှ မဟုတ်တာပဲ"

Jongin ပြောပြီး ပိုမိုရှည်ကြာသည့်အနမ်းတစ်ခုကို ထပ်မံဖန်တီးခဲ့သည်။အစပိုင်း ပြန်လည်တုံ့ပြန်ခြင်းမရှိလာပေမဲ့လည်း သူ့အင်္ကျီစအား ဆုပ်ကိုင်ကာ အနမ်းတွေကို တုံ့ပြန်လာခဲ့သည်မို့ Jongin သဘောတကျ ဖြစ်သွားမိသည်။အရှည်ကြာဆုံးနမ်းပြီးမှ အနမ်းတို့ကို ရပ်စေလိုက်သည်။အချိန်ကာလတစ်ခု ကြာမြင့်သည်ကြောင့် မောနေပြီဖြစ်သော Kyung Soo ကို Jongin နီးနီးကပ်ကပ်ဖြင့် ပြုံးကာ ငေးကြည့်နေမိသည်။

"ကိုယ်မင်းကို ချစ်လိုက်ရတာ Kyung ရာ"

"တော်ပြီ။ဖယ်ပေးတော့။မင်းက ငါနဲ့အိမ်မှာ နှစ်ယောက်တည်းဆိုပြီး အသားလာယူနေတယ်"

ပြောပြီး မျက်ရည်တွေရစ်ဝိုင်းကာ ငိုလာသော Kyung Soo ကြောင့် Jongin ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့ရသည်။Kyung Soo နဲ့ ရင်းနှီးပြီးနောက်ပိုင်းမှ သိလိုက်ရသည့်တစ်ခုမှာ Kyung Soo သည် သူတို့စစချင်းတွေ့တုန်းကလို လူဆိုးလေး မဟုတ်ပဲ အငိုသန်သည်ဆိုတာပင် ဖြစ်သည်။Kyung Soo သည် သူမသိသည့်၊သူမရင်းနှိးသည့်သူများရှေ့မှာတော့ ကျားပေါက်လေးတစ်ကောင်လို ပြုမူတတ်ပေမဲ့ သူ့စိတ်ထဲမှာ ရင်းနှီးသွားသည်ဟု ခံစားရသူများရှေ့မှာတော့ ကလေးတစ်ယောက်လို၊သူ စိတ်ထဲရှိသည့်အတိုင်း ပြုမူတတ်ပေသည်။

Please Come Back To Me#Completed (Unicode & Zawgyi)Where stories live. Discover now