[Unicode Version]
Episode (3)
Jongin မလာချင်ပေမဲ့လည်း သူ့ Eomma ရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် ဘူဆန်က မိဘမဲ့ကလေးကျောင်းသို့ ရောက်လာခဲ့ရသည်။ဝန်ထမ်းများက အားတတ်သရော၊တက်တက်ကြွကြွဖြင့် လုပ်အားပေးနေကြသည်။Jongin လုပ်ချင်စိတ်မရှိသလို၊ဘာလုပ်ရမှန်းမသိသည်မို့ မိဘမဲ့ကလေးကျောင်းကိုသာ ပတ်ကြည့်နေမိသည်။
ဒီတစ်ခေါက် သူတို့ ပရဟိတ လုပ်ရန် ရွေးချယ်လိုက်သော ဆည်းဆာရိပ် မိဘမဲ့ကျောင်းသည် အရင်က သူတို့ လျှူခဲ့ဖူးသော ကျောင်းများထက် ပိုပြီးတော့ အဆောက်အဦးကလည်း မကောင်းသလို စားနပ်ရိက္ခာကလည်း နည်းပုံပေါ်သည်။Jongin တဖြည်းဖြည်းနှင့် ကျောင်းအုပ်စစ်စတာကြီး ရုံးခန်းနားသို့အရောက် စကားသံတချို့ ကြားသည်မို့ ချောင်းကြည့်လိုက်သည်။Kyung Soo ကို တွေ့တော့ သူ အံ့ဩသွားရသလို တမင်မရည်ရွယ်ပေမဲ့ ခိုးပြီး နားထောင်လိုက်မိသည်။
"အဲ့တာဆို Kyung လေးက စစ်စတာကြီးဆီ သွားလည်ခဲ့ပြီးပြီပေါ့"
"ဟုတ်၊တခါတည်း ကွဲသွားတဲ့ ဖန်ကွဲစလေးတွေပါ ထားခဲ့လိုက်တယ်။စစ်စတာကြီး နဲ့ သားကြားက တစ်ခုတည်းသော အမှတ်တရက နောက်ဆုံးတော့ သားသေချာ မထိန်းသိမ်းနိုင်မှုကြောင့် ပျက်စီးသွားခဲ့ပြီ"
"အမှတ်တရဆိုတာက ပစ္စည်းတစ်ခု မဟုတ်ဘူး သား။Kyung လေး ရင်ထဲမှာ စစ်စတာကြီး ရှိနေသရွေ့၊ စစ်စတာကြီးနဲ့ အတူဖြတ်သန်းခဲ့တဲ့အချိန်တွေကလည်း အမှတ်တရတွေပဲလေ။ပျက်စီးမသွားနိုင်တဲ့၊ဖျက်ဆီးလို့မရတဲ့ အကောင်းဆုံးသော အမှတ်တရတွေပေါ့"
"သား အခုမှပဲ စိတ်သက်သာရာ ရသွားတော့တယ်။စစ်စတာကြီး ကိုယ်တိုင် ပုံဆွဲပေးထားတဲ့အဲ့ဖန်ရေဘူးလေး ကွဲသွားတုန်းက သား မျက်လုံးတွေ ပေါက်ထွက်မတတ် ငိုခဲ့ရတာ"
"ကလေးလည်း မဟုတ်ပဲနဲ့ကွယ်။ကဲအခု ကျန်သေးတဲ့ပစ္စည်းတွေ လာယူတာမလား။"
"ဟုတ်"
"အင်းအရင်အခန်းထဲမှာပဲ သိမ်းပေးထားတယ်။ဒီညတော့ နောက်ကျနေပြီဆိုတော့ ဒီမှာပဲ အိပ်သွားပါလား။"
"နောက်ဆုံးညကားနဲ့ ပြန်လိုက်မယ် စစ်စတာကြီး။သား အချိန်ပိုင်းအလုပ်တွေလည်း ရှာရဦးမှာမလို့။"
![](https://img.wattpad.com/cover/52733889-288-k300860.jpg)
YOU ARE READING
Please Come Back To Me#Completed (Unicode & Zawgyi)