[Unicode Version]
Episode (9)
Kyung Soo နောက်တစ်နေ့ ဦးလေးကြီးရဲ့လယ်ထဲမှာ ကူလုပ်ပေးပြီး နေ့လယ်ဘက်ရောက်တော့ ဦးလေးကြီးက သူပြောသည့် ရွာအစွန်က အဘွားအိမ်သို့ လိုက်ပို့ခဲ့သည်။
"အမေကြီး ကျွန်တော် ချွဲမင်ဆွန်းလာပါတယ်"
ခြံထဲဝင်ရင်းနှင့် အော်ပြောလိုက်တော့ အခန်းထဲမှ အဘွားတစ်ယောက် ထွက်လာခဲ့သည်။အဘွားဆိုပေမဲ့လည်း သွက်လက်ကာ ပေါ့ပါးနေဆဲဖြစ်သည်။
"အေး ချွဲဆွန်း ဘာကိစ္စလဲ"
"အမေကြီးဘေးခန်းကို ငှားမယ်ပြောလို့လေ။ဒီကလေးကလည်း အိမ်ငှားချင်နေတာနဲ့ အမေကြီးဆီ ခေါ်လာခဲ့တာ"
"တွေ့ရတာ ဝမ်းသာပါတယ်အဖွား။ကျွန်တော်က Do Kyung Soo ပါ"
"ဒေသိယျစကားသံနဲ့ပြောတာဆိုတော့ ကလေးက ဘူဆန်ဇာတိပဲလား"
"ဟုတ်ပါတယ် အဖွား"
"အဖွားအခန်းက နည်းနည်းတော့ ဟောင်းပြီး ကျဉ်းတာမို့ မင်းလို ခေတ်လူငယ်လေးက နေနိုင်ပါ့မလား"
"စိတ်မပူပါနဲ့ အဖွား။ကျွန်တော် နေတတ်စားတတ်ပါတယ်။ကျွန်တော့်ကို အဖွားရဲ့အခန်းလေး ငှားပါနော်"
"ငါ့မြေး အဆင်ပြေရင် ပြီးတာပဲ။ချွဲဆွန်း ကျေးဇူးပဲ။ဒီလိုချစ်ဖို့ကောင်းပြီး လိမ္မာတဲ့ကလေးကို ခေါ်လာပေးတာ"
"အမေကြီး နှင့် ဒီကောင်လေးက ကံစပ်လို့ပါဗျာ။ဒါဆို ကျွန်တော် ပြန်လိုက်ဦးမယ် အမေကြီး။ဒီညနေတော့ လယ်ထဲမလာနဲ့တော့ ကောင်လေး။အခန်းကိုပဲ သန့်ရှင်းရေးလုပ်လိုက်။မနက်ဖြန်ကျမှ ဦးလေးအိမ်လာခဲ့။မနက်စာစားပြီးမှ လယ်ထဲ ဆင်းကြတာပေါ့"
"ဟုတ် ဦးလေး"
ဦးလေးကြီး ပြန်သွားမှ အိမ်ရှေ့လေးမှာ Kyung Soo ဝင်ထိုင်လိုက်ပြီး Jongin ပေးတဲ့ပိုက်ဆံထဲမှ ဝမ်ငါးသောင်းထုတ်ကာ အိမ်ပိုင်ရှင်အဖွားဖြစ်သူအိုချွဲဟီးအား ပေးလိုက်သည်။
"ဒါ တစ်လစာပါ အဖွား"
"တစ်လမှ တစ်သောင်းပဲပေး ငါ့မြေး။အဖွားက အခန်းငှားတယ်ဆိုတာ တစ်ယောက်တည်းနေရတာ အထီးကျန်တာကြောင့်၊ပိုက်ဆံကြောင့် မဟုတ်ဘူး။ဒီလေးသောင်းကို မြေးလေးက ပြန်သိမ်းထားလိုက်နော်"
![](https://img.wattpad.com/cover/52733889-288-k300860.jpg)
YOU ARE READING
Please Come Back To Me#Completed (Unicode & Zawgyi)