Episode 7

1.2K 139 0
                                    

[Unicode Version]

Episode (7)

Kyung Soo သူ့အား တစ်နေကုန် အပြင်မထွက်ခိုင်းသည့် Jongin ကို စူပုတ်ပုတ်ဖြင့် ကြည့်နေမိသည်။ရေကိုလည်း သူ့အခန်းထဲမှာပဲ ချိုးခိုင်းပြီး သူ လိုချင်သည်များကိုလည်း သူကိုယ်တိုင် သွားယူပေးနေသည့် Jongin ကိုလည်း Kyung Soo နားမလည်နိုင် ဖြစ်နေရသည်။သူ့အား လျစ်လျှူရှုပြီး စာဖတ်နေသည့် Jongin ကြောင့် Kyung Soo လည်း ပြန်ပြီး အိပ်ပျော်သွားရသည်။ဟောက်သံသေးသေးလေးတွေ ထွက်လာသည်မို့ Jongin ပြုံးကာ စာဖတ်ချင်ဟန်ဆောင်နေသည်ကို ရပ်တန့်လိုက်သည်။Kyung Soo အား သေချာတည့်တည့်အိပ်စေပြီး စောင်ခြုံပေးနေတုန်း အခန်းတံခါးခေါက်သံ ကြားလိုက်ရသည်။

ဒေါက် ဒေါက်

"သား Eomma ဝင်လာခဲ့မယ်နော်"

သူ့ Eomma အသံအား ရုတ်တရက် ကြားလိုက်ရသောကြောင့် Jongin လန့်သွားရသည်။Kyung Soo အား  ခဏနေခဲ့ဖို့ပြောပြီး သူကတော့ အခန်းအပြင်ထွက်သွားလိုက်သည်။

"Eomma ဘာလို့လဲ"

"ဒီမှာလေ Hae Young လေးက သားအခန်းထဲ ဝင်ကြည့်ဖူးချင်တယ်ဆိုပြီး ပြောလာလို့လေ။အဲ့တာကြောင့် တခါလောက် ပြမလို့"

"မရဘူး"

Jongin ရဲ့အလန့်တကြား ငြင်းလိုက်သည့်ပုံစံကြောင့် Mrs.Kim သိပ်သဘောမကျသလို မသင်္ကာဖြစ်သွားရသည်။ပုံမှန်ဆို ဆွဲဖွင့်ဝင်လိမ့်မည်ဆိုပေမဲ့ ဧည့်သည်ရှိနေသည်မို့ Mrs.Kim စိတ်ထိန်းရင်းသာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ သား"

"ယောင်္ကျားလေးအခန်းကို မိန်းကလေးတစ်ယောက် ဝင်တာက မသင့်တော်ဘူးလေ။"

"Jongin ကလည်း သင့်တော်တာ၊မသင့်တော်တာ တွေးစရာမလိုတာ။အစောနက Hae ပြောထားသလို Hae တို့က သိပ်မကြာခင် လက်ထပ်တော့မှာပဲလေ။ပြီးတော့ အန်တီလည်းပါတာပဲလေ။Hae တစ်ယောက်တည်း ဝင်တာမှ မဟုတ်တာ"

"ဟုတ်သားပဲ သားရယ်။ကဲ အခန်းတံခါးရှေ့ကဖယ်"

"မရဘူး။ဟို သားအခန်းက သားအခန်းက နည်းနည်းရှုပ်ပွနေတာမလို့လေ။သူက သားလက်ထပ်ရမဲ့ သတို့သမီးလောင်းမလား။အဲ့တာမလို့ သူ မြင်သွားပြီး စိတ်ပျက်သွားမှာဆိုးလို့ပါ။"

Please Come Back To Me#Completed (Unicode & Zawgyi)Where stories live. Discover now