The truth is...

3.3K 522 34
                                    

"Ting...Dong...Ting...Dong"

တံခါးမှာရှိတဲ့...ဘဲလ်ကိုတီးလိုက်တော့...ခြံတံခါးဘေး အုတ်နံရံအနီရောင်မှာ...ထည့်မြှုပ်တပ်ဆင်ထားတဲ့...
Cameraကနေ...လူလတ်ပိုင်း မိန်းမတစ်ယောက် ထွက်ပေါ်လာတယ်...

"ကျွန်တော် Park Chanyeolပါ..."

"ahh...nae...တက်ခဲ့ပါရှင်...
သခင်လေး မှာထားပါတယ်"

သူမ နှစ်လိုဖွယ် ပြုံးပြ ပြန်ဖြေ ပြီးတဲ့နောက် Cameraက ပိတ်သွားပြီးခြံဝန်းတံခါးက...
အလိုလို ပွင့်လို့လာတယ်...

ခြံတံခါးက ကြီးမားလွန်းသလိုပဲ...ခြံတံခါး နောက်ကွယ်က အိမ်ကြီးနဲ့...ခြံဝန်းအပြင်အဆင်က... အံ့အားသင့်စရာကောင်းအောင် ခမ်းနားကြီးကျယ်လွန်းလှတယ်

ကြောင်လိမ်ပုံစံ ပြုလုပ်ပုံဖော်ထားပြီး...
မြက်နုစိမ်းစိမ်းတွေ ခင်းထားတဲ့
မြေသားလှေကားထစ်တွေဟာ...
လှပစွာခပ်ပြေပြေ တည်ရှိနေကာ...
အဲဒီ လှေကားထစ် တွေကနေ လှမ်းကြည့်လိုက်မယ်ဆို...
အိမ်ကြီးပတ်ဝန်းကျင်ရှုခင်းဟာ...အနိမ့်အမြင့် အတက်အကျနဲ့...သဘာဝအလှနဲ့ လိုက်ဖက်စွာ ပနံရနေတယ်...

တောင်ကုန်းလေးပေါ် တက်သွားပြီးမှ အိမ်ကို တွေ့ရပေမယ့် ...တစ်ဖက်ခြမ်းမှာ ဖန်တီးပြုလုပ်ထားတဲ့ရေတံခွန်ကနေ...ရေတွေ တသွင်သွင်စီးကျနေတာမြင်ရပြန်တော့...အနိမ့်ပိုင်း တစ်နေရာရောက်နေသလို...ခံစားရပြန်ရော...

ပန်းရောင်စုံတွေနဲ့...ပုံဖော်ထားတဲ့
မော်ဒန်ဆန်ဆန်ရုပ်ပုံတွေကလည်း...
သေသေသပ်သပ် ဥယျာဉ်ထိန်းသိမ်းခတင်ပဲ မနည်းကုန်မယ်ထင်...

သန့်ရှင်းလတ်ဆတ်တဲ့ လေအေးတွေ ဖြတ်တိုက်သွားတာမို့ပဲလား...

ကျွန်တော့် စိတ်တွေ လှုပ်ရှားနေပေမယ့်...
စိတ်ထဲမှာ ပိုသေချာလာတယ်...

ဒါ...Chanyeolမှားနေတာ...

Hunက...ဒီလို ပကာသနတွေများလွန်းတဲ့ လောကမှာ ပျော်တတ်တဲ့သူမှ မဟုတ်ဘဲ...သေချာပါတယ်...
ဒါ...ကျွန်တော့် Hun မဟုတ်ဘူး...

ရှည်လျားလွန်းတဲ့လမ်းရဲ့...အဆုံးမှာတော့
အပြင်က မြင်ရတာထက် ပိုပြီး...ကြီးမားလွန်းတဲ့ အိမ်ကြီးတစ်လုံးကိုတွေ့ရတယ်...

Mischievous GuyWhere stories live. Discover now