U are the one who left me

3.2K 518 14
                                    

"ဟေ့ရောင်...မင်းဟာက သေချာလို့လား..."

"သေချာပါတယ်ဟ...မဟုတ်ရင် ငါက လုပ်ကြံပြီး ဇာတ်လမ်းရိုက်ရမှာလား"

"အေးလေ...ဒါပေမယ့် တွေ့မှမတွေ့တာ"

"လာလိမ့်မယ်...စောင့်ကြည့်"

စောင့်ပေါ့...အဲဒီမှာ ရှည်တစ်ရာစိန်နှစ်ကောင်...
ကျွန်တော်က အကျိုးအကြောင်းပြော... အထုပ်အပိုးပြင်ပြီး...သူတို့အိမ် လာခဲ့ပါမယ်ဆိုတာ...
သိချင်လွန်းလို့ ဆတ်စလူးထနေကြတာလေ...
ငါတို့လာခေါ်မယ်ဆိုပြီး...ကားတစ်စီးနဲ့ နှစ်ယောက်သား ပေါက်ချလာပါရဲ့...ဘာပဲပြောပြော...တော်သေးတယ် ပြောရမယ်...တစ်လမှာ အနည်းဆုံး...နှစ်ခါလောက် အကြောင်းအမျိုးမျိုးပြပြီး...ခရီးထွက်တတ်တဲ့...
ဒင်းတို့နှစ်ကောင် ပြန်ရောက်နေတာပဲ...
ကျေးဇူးတင်ရသေး

"အဲမှာ...အဲမှာ...အရပ်ရှည်ရှည်နဲ့တစ်ယောက်"

ကားနောက်ကနေ...မှန်ကာထားတဲ့ကြားကပဲ...ကျွန်တော် ခေါင်းကိုပုပြီး ပြောလိုက်တယ်...

"ဟေ့ရောင်...မင်းကောင်လေးက မဆိုးဘူးပဲကွ...
ခပ်ဖြောင့်ဖြောင့်နဲ့"

"ဘယ်က ငါ့ကောင်လေးရမှာလဲ??? Byun Baek
မင်းဟာလေ...တော်တော်ကို"

"တော်ကြတော့...ကိုက်မနေနဲ့...
ဟိုမှာ အပေါ်တက်သွားပြီ"

Chanyeolရဲ့ ဝင်ဟန့်သံအဆုံးမှာ...ကျွန်တော်ရော Baekhyunပါ သူ့ကို လှမ်းကြည့်မိကြတယ်...
အပေါ်ကို မောမောပန်းပန်း တက်သွားပြီး...
သော့ခတ်ထားတာကြီးတွေ့ရင် သူတော့ စိတ်မကောင်းဖြစ်သွားမှာပဲ...

"ဟူးးးးးးးး......မတတ်နိုင်ဘူး"

သူ ပြန်ဆင်းလာတဲ့အထိ...စောင့်ကြည့်ပြီးမှ သွားဖို့ ဆုံးဖြတ်ထားတဲ့ အဲ့နှစ်ယောက်ကြောင့်...
ကျွန်တော်လည်း...ကားထဲမှာပဲ ပုပုလေး နေနေရတယ်...

ဆယ်မိနစ်...

"သူ ဘာလုပ်နေတာလဲ?"

ဆယ့်ငါးမိနစ်...

"အခုထိ ဆင်းမလာသေးဘူး..."

မိနစ်နှစ်ဆယ်...

Chanyeolက စိတ်မြန်လက်မြန် ကားတံခါးကို ဖွင့်ပြီး

"ငါ လိုက်သွားလိုက်မယ်"

Mischievous GuyHikayelerin yaşadığı yer. Şimdi keşfedin