Under the Rain...U & Me

13.6K 871 29
                                    

လူလတ်ပိုင်းအရွယ်လူတစ်ယောက်...

စိမ်းမြမြမြက်ခင်းပြင်နုနုလေးပေါ်မှာ

ခြေပစ်လက်ပစ်ထိုင်ချပြီး...ဟိုးအဝေးတစ်နေရာကို မျှော်ငေးလို့နေပါတယ်...

မိုးကောင်းကင်ထက် စိတ်ကူးတည့်ရာလွင့်မျောနေတတ်တဲ့ တိမ်စိုင်တိမ်တိုက်တွေကတော့...

အလွန်ထုထည်ကြီးမားတဲ့အသွင်ဆောင်နေပြီး မကြာခင်မှာပဲ ဝုန်းကနဲ...ဝုန်းကနဲ ရွာချလိုက်တော့မယ့်အသွင်ဆောင်နေကြသလို...

ငှက်ကလေးတွေကလည်း စိုစွတ်လေးလံနေတော့မယ့် အတောင်ပံတွေကို အလိုမရှိတာကြောင့်...

သုတ်သီးသုတ်ပြာ ပျံသန်းနေကြလေရဲ့...

အင်း..မိုးရွာလို့ရှိရင်တော့ ကျွန်တော့်ပန်းနုနုကလေးတွေ...မရပ်မနားဆိုသလို ကျဆင်းလာမယ့် မိုးရေစက်တွေအောက်မှာ နာကျင်နေတော့မှာပဲ...

မြက်ခင်းအိအိပေါ်မှာ ရိုးတံအတိုအရှည် မညီမညာနဲ့ ပွင့်လန်းနေကြတဲ့ ပန်းလေးတွေကိုမြင်ရတာ တကယ်ကိုစိတ်ချမ်းသာစရာပါ...

ဟိုအရင်က ဒီလိုပန်းလေးတွေကိုမြင်ရင်...

*သြော်...ပန်းလေးတွေပဲ...*

ဆိုတာကလွဲ...ဘာမျှအထူးအထွေစိတ်ထဲ
မကျန်ခဲ့…
အတွေးတွေကလည်း အဲဒီမှာတင် ရပ်တန့်ရင်
ရပ်...ဒါမှမဟုတ်လည်း...

အခြား ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့
အကြောင်းအရာ ခေါင်းစဉ်တစ်ခုစီကို သူ့အလိုလိုကျော်သွားတာချည်းပါပဲလေ...

ဒါပေမယ့် တစ်စုံတစ်ယောက်...

အဲဒီတစ်စုံတစ်ယောက်ကြောင့်

ပန်းလေးတွေကို ဒီထက်ပိုပြီး မြတ်နိုးမိလာတယ်

အင်း...ပိုပြီးတိတိကျကျပြောရမယ်ဆို...
သူချစ်တယ် သဘောကျတယ်ဆိုတဲ့အရာတိုင်းကို ကျွန်တော်အလေးအနက်ထားမိတာပါ

မိုးရယ် ကျေးဇူးပြုပြီး မရွာလိုက်ပါနဲ့လားကွာ...

ဒီရာသီ...ဒီအချိန်မှာ...သူချစ်တဲ့ပန်းလေးတွေကို တစ်ယောက်သောသူအတွက်
အဆင်သင့်ဖြစ်နေရအောင် ကျွန်တော်...
ဖန်တီးပေးထားချင်မိလို့ပါ...

Mischievous GuyDonde viven las historias. Descúbrelo ahora