That's called a Fate

1K 116 0
                                    

မိုးရေထဲမှာ အချိန်အနည်းငယ်ကြာအောင် သတိလက်လွတ် ထိုင်နေမိလိုက်တာ…

မိုးသက်လေအေးအေးက အင်္ကျီပါးပါးကိုဖြတ်သန်းပြီး ခန္ဓာကိုယ်အနှံ့… တိုးဝှေ့ကျီစယ်လာတော့မှပဲ…

စိတ်နဲ့လူနဲ့ပြန်ကပ်သွားပြီး…အိမ်ထဲဝင်လာမိ
တော့တယ်…

စိုရွှဲသွားတဲ့အဝတ်အစားတွေကို ဖြည်းညင်းစွာလဲလှယ်လိုက်ပြီးနောက်…
တဘက်တစ်ထည်ကိုဆွဲယူပြီး ဆံပင်စိုစိုတွေကိုခြောက်သွေ့သွားအောင် သုတ်လိုက်ရင်း…
မှန်ကိုကြည့်မိတော့

သြော်…အချိန်ကာလရဲ့တိုက်စားမှုတစ်ချို့
အောက်မှာ တစ်ချိန်က နုပျိုမှုတွေက
တဖြည်းဖြည်းအရောင်ပြယ်လို့လာပါရော…

သုံးဆယ့်လေးနှစ်… လူတစ်ယောက်အတွက်
သိပ်ပြီးအသက်မကြီးလှသေးဘူးပေါ့လေ…

ဒါပေမယ့် အသက်နှစ်ဆယ်လောက်နဲ့တော့
ဘယ်တူပါတော့မလဲ?

ပေါ့ပါးမှုတွေ…လွတ်လပ်တဲ့အတွေးအခေါ်တွေက ကုန်ဆုံးသွားတဲ့အချိန်တွေနဲ့အတူ ပြန်မရနိုင်တော့အောင် လွင့်ပြယ်သွားခဲ့ပြီပဲ…

ဆံပင်တွေကို သုတ်နေရင်း လက်ညောင်းလာတာကြောင့် dryerကို လက်လှမ်းလိုက်မိပေမယ့်

" ဟေ့လူကြီး…မပျင်းစမ်းပါနဲ့ဗျာ…
Dryerကိုသုံးရင် ဆံပင်တွေကျွတ်မယ်…
ရေစိုကြီးနဲ့ဆို  ဓာတ်လိုက်လိမ့်မယ်…
ကျွန်တော့်စကားနားမထောင်ရင် ဓာတ်လိုက်
ပြီးသေရင်သေ…မဟုတ်ရင်…
အပူအအေးမမျှပဲ လေဖြတ်ပြီး  ဂိသွားမှာ…သိရဲ့လား"

သူပြောတဲ့စကားသံလေးတွေ နားထဲ
ကြားယောင်လာပြန်ရော…

ကျွန်တော်…သဘောတကျ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိပြီး…တဘက်ကိုယူကာ ခေါင်းကိုခပ်ဖွဖွ
သုတ်ပြီးရင်း ထပ်သုတ်နေလိုက်တယ်…

သူက သူ့စကားဆို ကျွန်တော် နားထောင်မှ
သဘောကျတာ…

ခြောက်သွေ့သွားလို့ ဝဲကျလာတဲ့ဆံပင်တွေကို သပ်တင်လိုက်မိတော့…နှဖူးထက်မှာ…
မထင်မရှားအမာရွတ်တစ်ခု…
သူပြောတာတော့

* ဒီအရာလေးက သူနဲ့ကျွန်တော့်ရဲ့
ဒုတိယအကြိမ်မြောက်တွေ့ဆုံမှုအတွက်…
မြှားနတ်မောင်ကပေးတဲ့ အချစ်သင်္ကေတ* တဲ့…

Mischievous GuyDove le storie prendono vita. Scoprilo ora