Look down on my love?

6.6K 703 82
                                    


"Sehunက...ကျွန်တော်နဲ့လည်း...အသက်ကွာတော့
မိဘတွေကလည်း...အထွေးလေးဆိုပြီး...
သည်းသည်းလှုပ်ချစ်ခဲ့တာ...ဒါပေမယ့်...သူက မွေးရာပါ...မှတ်ဥာဏ်အားနည်းတာမို့...
အများနဲ့အတူ မသင်ယူနိုင်ဘူး...
ဒါကြောင့်...အလယ်တန်း ပထမနှစ်လောက်ထိပဲ ကျောင်းတွေမှာ ပညာသင်ခဲ့ရပြီး...နောက်ပိုင်းတွေတော့
ကျွန်တော်တို့ လိုလေသေးမရှိအောင် အိမ်မှာပဲ...
ဆရာတွေနဲ့...အတန်းပညာ သင်ပေးခဲ့တာ...
သူငယ်ချင်းတွေကို...အရမ်းခင်တွယ်တတ်ပေမယ့်...
သူ့မှာ...သူငယ်ချင်း အများကြီး မရှိခဲ့ဘူး...
ကျွန်တော်ကပဲ...အစ်ကိုတစ်ယောက်လို...သူငယ်ချင်း တစ်ယောက်လို...သူ့နားမှာ..."

"............"

"လွန်ခဲ့တဲ့...ဆယ်နှစ်ကျော်...အင်း...ဆယ့်သုံးနှစ်...
ဆယ့်လေးနှစ်လောက်က...ကျွန်တော်...Koreaကို အလုပ်ကိစ္စတစ်ခုနဲ့...သွားရတော့...Sehunကိုပါ...
စိတ်ပြေလက်ပျောက် ခရီးလေးဘာလေး ထွက်ရအောင်...ခေါ်လာခဲ့ဖြစ်တယ်...
အဲဒီအချိန်ကစပြီး Sehun...က ဒီပြန်ရောက်တော့ Koreaမှာ နေချင်တယ်လို့...ပူဆာတော့တာပဲ...
ကျွန်တော်တို့အနေနဲ့လည်း...ဘယ်ခွင့်ပြုနိုင်မှာလဲ??...
ဘယ်လောက်ပဲ သူက အရွယ်ရောက်နေပေမယ့်...
ကျွန်တော်တို့ အမြင်မှာ...ကလေးတစ်ယောက်လေ...
နောက်ဆုံး...သူအိမ်ကိုပါ အတိုက်အခံလုပ်ပြီး...
Koreaမှာ သွားနေဖို့ကို
ကျွန်တော့်ကိုရှေ့နေလိုက်ခိုင်းတော့တာပဲ...
ကျွန်တော်...ကျွန်တော်လည်း ငယ်လေးကို...ချစ်တော့"

".................."

" သူ့အတွက်...အကြောင်းပြချက်က...
သိပ် ရိုးရှင်းပါတယ်...လူတစ်ယောက်ကို ချစ်မိလို့
တစ်ဘဝစာအတွက် ချစ်ရမယ့်လူ တွေ့သွားလို့တဲ့...
နှစ်နှစ်...သူ အဲဒီမှာ နှစ်နှစ် နေခဲ့တယ်...
ကျွန်တော်...နှစ်လတစ်ခါလောက်...လုပ်ငန်းနဲ့ပဲဖြစ်ဖြစ်...သီးသန့်ပဲဖြစ်ဖြစ်...သူ့ဆီ လာပြီး လိုအပ်မယ်ထင်တာတွေ...ဖြည့်ဆည်းပေးခဲ့ပေမယ့်
သူက...အဲဒါတွေ မလိုပါဘူးတဲ့...Hyungစိတ်ချပါ...
...တစ်ဦးတစ်ယောက်အတွက်...သူရင့်ကျက်နေပါပြီတဲ့..."

"..............."

"Luhan shiနဲ့...သူ ပက်သက်သမျှတွေကို...
ကျွန်တော် အကုန်စုံစမ်းပြီး...နောက်ကြောင်းတွေပါ...
ဆက်တိုက်လိုက်ခဲ့တယ်...နားမလည်နိုင်တာ...
သူက...Luhanကို သူ့အကြောင်းတွေ အကုန်ပြောပြပြီး...USကို လိုက်ခဲ့ဖို့...
ဘာကြောင့် မပြောသလဲဆိုတာပဲ...
ကျွန်တော်တို့က...သူ ဘယ်လို လူမျိုးကိုပဲ
ခေါ်လာလာ...သူ့သဘောအတိုင်း
တားမယ့်သူတွေ မဟုတ်တာလည်း...သူ သိနေသားနဲ့...
အဲဒီနောက်...ကျွန်တော် လုပ်ငန်းကိစ္စတစ်ခုကို အတော်ကြာအောင် ကိုင်တွယ်ရတော့...သူ့ဆီ မရောက်ဖြစ်ခဲ့ဘူး"

Mischievous GuyOnde histórias criam vida. Descubra agora