He never come back??

3.1K 486 19
                                    

ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်နေ့စွဲတွေပဲ ရက်လကနေ နှစ်ပြောင်းလာလို့လား...

ကျွန်တော့်ရဲ့...စိတ်ရှုပ်ပြီဆိုအကုန်ရောထွေးပစ်တတ်တဲ့...အကျင့်ဆိုးကို သူ ခွင့်မလွှတ်နိုင်တာလား...

တီတီတာတာတွေ အများကြီး မပြောတတ်သလို...
တစ်ဘဝစာ ပုံပေးဖို့လည်း တွန့်ဆုတ်တွန့်ဆုတ် ကျွန်တော်က...ချစ်သူတစ်ယောက်အနေနဲ့...
ငြီးငွေ့စရာကောင်းလာလို့ပဲလား...

အဲဒီနောက်ပိုင်း...သူ ကျွန်တော့်အပေါ် မသိမသာကနေ သိသိသာသာ ပြောင်းလဲလာခဲ့တယ်~
ထင်မိတာ...arrnyi...မဟုတ်ဘူး...ခံစားသိနေတာ

နေ့နေ့ညည ကျွန်တော့်ဘေးနား ရှိနေတတ်တဲ့သူက ...ကျွန်တော့်အခန်းလေးဆီလာဖို့ ပျက်ကွက်တာတွေ များလာတယ်...

ညမအိပ်ရင်တောင် နံနက်စောစော ရောက်လာပြီး မနက်စာပြင်ဆင်ပေးနေကျ သူက...အခုဆို နေ့လည်လောက်မှ ရောက်လာတတ်တယ်...

ကျွန်တော့်ဘေးနားမှာ ခဏလေးပဲဖြစ်ဖြစ် ဝင်လှဲရမှ ကျေနပ်တတ်တဲ့သူက...အခုတော့ ညဘက်တွေဆို မမှောင်ခင်မှာကို...ပြန်သွားတတ်ပြီ...

မချစ်တော့တာ မဟုတ်ပါဘူး...
အချစ်တွေ လျော့လာတာ ထင်ပါရဲ့...
အဲဒါလည်း ကျွန်တော့်ရဲ့...အလိုက်မသိတတ်မှုတွေ ကြောင့်ပဲ ဖြစ်မှာပါ...

ကျွန်တော့်မွေးနေ့တုန်းကဆို...

Flash Back Starts~

"Ding Dong"

(ဟော...Hunလာပြီ ထင်တယ်)

"Hun ah...နောက်ကျလိုက်တာ...
ငါက မနက်အစောကြီး လာမယ်ထင်လို့"

ကျွန်တော့်မွေးနေ့မှာ...ရေညှိဟင်းချို သူကိုယ်တိုင် ချက်ကျွေးမယ်တဲ့...ပြောတာလည်းသူပဲ...homm...
ခုတော့နောက်ကျလိုက်တာ...မနက်စာစားချိန်ကျော်လို့ နေ့လည်စာ စားပြီးချိန်ကို ရောက်ရော...

ဒါပေမယ့်...သူက...ကျွန်တော့်အတွက် တစ်ခုခု စီစဉ်နေလို့ ဖြစ်နိုင်တာပဲရော်...

သူ့နောက်ကို မသိမသာ အကဲခတ်လိုက်ရင်း

(ဘာတွေများ Surpriseလုပ်ထားလဲ မသိ...)

"imm..."

(ဒါပေမယ့် သူ့နောက်မှ ဘာမှလည်း မပါပါဘူး)

Mischievous GuyOnde histórias criam vida. Descubra agora