"Wherever u go~whatever u do~I'll be right here~waiting for you~"
အလုပ်စားပွဲရှေ့ထိုင်လိုက်ပြီးမှ…ပျံလွင့်လာတဲ့ Ringtoneသံကြောင့်…Phထားခဲ့ရာ ဧည့်ခန်းဆီ သူ ပြန်သွားရပြန်တယ်…
"Yeobasyorr"
"hello…Luhan"
"imm…ပြော…Baekhyun…ဒီနေ့…
Chanyeolပြန်လာမှာ မဟုတ်လား…""အေး…ဟုတ်တယ်…အဲဒါ ငါသွားကြိုမလို့…"
"ပျော်နေတယ်ပေါ့…"
"ဒါပေါ့…အဲဒါ ငါသူ့ကိုသွားကြိုပြီး…
နက်ဖြန်မှ မင်းဆီလာခဲ့မယ်…နော်""imm…ပါ"
"imm…imm…အဲဒါလှမ်းပြောတာ…ဒါပဲ…ငါ လေဆိပ်ကိုသွားနေပြီ"
"hmm…မစောဘူးလား…လေယာဉ်က ညနေမှဆို"
"awwz…စောလည်းဘာမှမဖြစ်ပါဘူးကွာ…
နောက်မကျဖို့ပဲ အဓိက…""အေးပါ…အေးပါ…အဲဒါဆို ဒါပဲ"
Baekhyunအသံများ…ရွှင်မြူးလို့…
အင်းလေ…သူလည်း Chanyeol အလုပ်ကိစ္စနဲ့ နိုင်ငံခြားသွားတာ တစ်လနီးပါး…ရှိပြီကိုးကျွန်တော်ရယ် Chanyeolရယ်…Baekhyunရယ်
ကျောင်းတုန်းက ဗိသုကာပညာကို Majorယူခဲ့သလို
ကျောင်းပြီးတော့လည်း သုံးယောက်သား… အစုစပ်လုပ်ငန်းသဘောလေး…လုပ်ဖြစ်ကြတယ်…ကျွန်တော်က အိမ်တွင်းပုန်း ဒီဇိုင်းတွေဆွဲပြီး…
Chanyeolကတော့…လက်တွေ့ကျကျ လုပ်ငန်းခွင်ထဲသွားပြီး…ကြီးကြပ်ပေးတယ်…
Baekhyunကတော့…သူ့ စကားပြောကျွမ်းကျင်မှုကို အားသာချက်ယူ့ပြီး…အလုပ်တွေတစ်ခုပြီးတစ်ခု ချိတ်ဆက်…စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒိုင်ခံစကားပြောပေါ့…ကျွန်တော်က တစ်ခါတစ်လေ…Baekhyunနဲ့ လိုက်သွားတတ်ပေမယ့် အများအားဖြင့်တော့…
ဒီအိမ်လေးမှာပဲနေပြီး…သူတို့လိုချင်တဲ့ ဒီဇိုင်းကို…ဆွဲပေးတာပဲ များပါတယ်…
သူငယ်ချင်းသုံးယောက် ကတ်ကတ်သပ်သပ် မတွက်တတ်တာကပဲ…အကျိုးပေးတယ် ပြောရမှာပေါ့…
လုပ်ငန်းလေးက အတော်အတန်အောင်မြင်လာတယ်…အလုပ်စားပွဲရှေ့ပြန်ထိုင်မိတော့…စားပွဲထောင့်က…
photo frameလေးဆီ ကျွန်တော့်အကြည့်က ရောက်သွားမိရဲ့
أنت تقرأ
Mischievous Guy
أدب الهواةThis is a really sad story But ...when U hear it... U will laugh out loud... Yeah...This is a story... about me,Xiao Luhan and my mischievous guy,Oh Sehun