The Coffee he creates~

4.5K 573 10
                                    

အဝတ်အစားလဲ...ဆံပင်တွေကိုခြောက်သွေ့အောင် လုပ်ပြီးတာတောင်~~

မိုးရေနည်းနည်းထိလိုက်တာကြောင့်...ဒီခန္ဓာကိုယ်က ချမ်းစိမ့်စိမ့်ဖြစ်နေတုန်းပဲလေ...

ဒါကြောင့်...အိမ်အနောက်ဘက်ကို ကျွန်တော်လျှောက်သွားလိုက်ပြီး...

စားပွဲပေါ်မှာ ရှိနေတဲ့...

coffeeမှုန့်ဘူးလေးနှစ်ဘူးထဲက အရောင်ဖျော့ဖျော့တစ်ဘူးကို လှမ်းယူလိုက်တယ်...

ဒီနေ့အတွက်...ကျွန်တော့်ရဲ့ ပထမဦးဆုံးcoffeeတစ်ခွက်...

အင်း......

ကျွန်တော်က နေ့တိုင်း အနည်းဆုံးတော့ coffeeနှစ်ခွက်သောက်တယ်...

ကျန်းမာရေးနဲ့ ညီလား မညီလားတော့မသိ...

သိစရာမလိုအပ်သလို သိလည်းမသိချင်...

ကျွန်တော့်အတွက်တော့

coffeeကို နှစ်သက်လို့ စွဲစွဲမက်မက်သောက်သလို...

တစ်နေ့တာအတွက် အရသာနှစ်မျိုးရှိတဲ့ coffeeနှစ်ခွက်ကို မဖြစ်မနေသောက်ရမယ်လို့... အရူးတစ်ယောက်လိုပဲ... အလေ့အကျင့်လုပ်ထားမိတာပါ...

coffeeတစ်ခွက်က လူတစ်ယောက်ကို ချစ်လို့...သတိရလွမ်းလို့...

သူ့အငွေ့အသက်တွေနဲ့ အမြဲမပြတ် ထွေးသိမ့်နေမိသူရယ်လို့...သိစေချင်လို့...

နောက်တစ်ခွက်ကက လူတစ်ယောက်ကို မုန်းယောင်ဆောင်ပြချင်မိလို့...

...ပုံပြင်တွေပြောတဲ့သူကြောင့်

ဒီရင်ဘတ်ထဲ ခါးသက်နေမိပြီလို့...သိစေချင်ပြီး...

သူ လေပြေအေးနဲ့ ချော့တာကို ခံချင်မိလို့ပါ...

"hu......"

ကျွန်တော်...ရူးတယ်နော်...

coffeeမှုန့်တွေကိုထည့်ပြီး...

ဓာတ်ဘူးထဲက ရေနွေးတွေကို အသာအယာ လောင်းထည့်လိုက်တယ်...

ဇွန်းတစ်ချောင်းနဲ့ ဖြည်းဖြည်းချင်း မွှေလိုက်တော့...မွှေးနေတဲ့ coffeeရနံ့က သင်းပျံ့လာလေရဲ့...

အငွေ့နွေးနွေးတို့ကြား coffeeကို တစ်ငုံ ဆွဲယူသောက်မိတော့...

Mischievous GuyTempat cerita menjadi hidup. Temukan sekarang