Soo တစ်ယောက် ရှုခင်းတွေကိုသာငေးကြည့်နေ၏
ငါဘယ်လိုစကားစပြောရမလဲ.....
''အဟမ်း Soo ဒီလိုခရီးသွားတာ အိမ်ကခွင့်ပြုရဲ့လား''
''Nae ဒီလိုပဲပြောရတာပေါ့ အခုမှ ဒါပထမဆုံးခရီးထွက်ဖူးတာ သူငယ်ချင်းတွေနဲ့တောင် ဒီလောက်အဝေးကြီး ခရီးမသွားဖူးဘူး''
'' ဒီလိုဖြစ်အောင် Hyung စီစဉ်တာလေ ''
''Nae!''
Soo မျက်လုံးလေးအပြူးသားနဲ့ Chanyeol ကို ကြောင်ကြည့်နေသည်'' ကိုယ်ပြောတာက Hotel ဆောက်ဖို့နဲ့ ဒီလိုမြေနေရာသွားကြည့်ဖို့ကို ''
'' Arr ... Nae ''
နှစ်ယောက်လုံး ဘာမှဆက်မပြောပဲ တိတ်ဆိတ်နေသည်
ဒီနေ့ကျမှ Driver က သူ့မိန်းမဆေးရုံတင်ရလို့ အရေးပေါ်နေခဲ့ရသည်
Chanyeol လည်း Soo ကိုစကားပြောမယ် ဆိုရော Soo က အိပ်တောင်ပျော်နေပြီ
Soo အိပ်နေတဲ့ပုံစံလေးကအရမ်းချစ်ဖို့ကောင်း တာပဲ Chanyeol လည်း Soo ကို ကြည့်ရင်း ရင်ခုန်သံတွေမြန်လာသည်
''Park Chanyeol အရူးမထစမ်းနဲ့ ကိုယ့်စိတ်ကိုကိုယ်ထိန်းအုံး မဖြစ်နိုင်တဲ့လမ်းကို ဆက်လျှောက်ဖို့မစဉ်းစားနဲ့''
Chanyeol တစ်ယောက်လည်း အတွေးများစွာဖြင့် ခရီးဆက်လေသည် ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'' Soo.... Soo ''
''Nae''
Soo ပုံလေးသည် အိပ်ချင်မူးတူးပုံစံလေးနှင့်
'' Soo ရောက်ပီထတော့လေ အိမ်ထဲရောက်မှ ဆက်ပြီးအနားယူတော့နော်''
'' Nae Soo အရမ်းအိပ်ပျော်သွားတာပဲ ''
Chanyeol သည် တစ်ချက်ပြုံးပြလိုက်ရင်း ပါလာတဲ့ခရီးဆောင်အိတ်တွေကို ကားပေါ်မှ ချနေလေသည်
အိမ်ထဲမှ ဦးလေးကြီးတို့ လင်မယားနှစ်ယောက် အပြေးထွက်လာကြသည်
''သူဌေးလေးရောက်လာပီလား Arjushi တို့က မနက်စောစောထဲကမျှော်နေတာ''
''Nae ကျွန်တော်ကိုယ်တိုင်မောင်းလာရတော့ ဖြေးဖြေးပဲမောင်းလာတာ''

YOU ARE READING
You Don't know !
Romance'' ဒေါက်....ဒေါက်'' Soo တစ်ယောက် တံခါးခေါက်ထဲက omma မှန်းသိလိုက်သည် '' Omma ..... Wae !!! '' " Soo ထတော့လေ Wedding သွားဖို့ပြင်ရဦးမယ်လေ '' '' Omma သမီးမလိုက်ချင်ဘူး အိမ်မှာပဲနေချင်တယ် :'( " သနားစရာအသံလေးနှင့်ပြောလိုက်သည် '' မလိုက်လို့မရဘူး သမီးလူဝ...