Part - 18

2.7K 187 48
                                        

အလွမ်းကြောင့်ကျတဲ့မျက်ရည်က ခါးသက်လွန်းတယ် မေ့နိုင်ပီလို့ဟန်ဆောင်နေတဲ့နှလုံးသားက ပိုပြီးနာကျင်လွန်းတယ်.....

လွန်ခဲ့တဲ့ငါးနှစ်ကအဖြစ်ပျက်တွေက မနေ့တနေ့ကလိုပါပဲလား
Soo အသက် 26 နှစ်ရှိပြီ ရင့်ကျက်သင့်သလောက် ရင့်ကျက်နေပီ ဆိုပေမယ့် သူနဲ့ပတ်သတ်ရင် အခုထိရင်ခုန်မိနေတုန်းပဲ သူ့ကိုအခုချိန်ထိမမေ့နိုင်သေးဘူးဆိုတာ ဝန်ခံပါတယ် ဒါကြောင့်သူရှိနေတဲ့ ဒီနိုင်ငံကို ခြေမချမိဖို့အတက်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် America နဲ့ korea နှစ်နိုင်ငံပေါင်း fashion ပွဲ ကျင်းပမှာဖြစ်လို့ Soo က America ရဲ့ အဓိကဒီဇိုင်နာအဖြစ် korea ကို လွှတ်ခြင်းခံရတယ်

လွန်ခဲ့တဲ့ 5 နှစ်က Soo America ကို ထွက်လာခဲ့တယ် ဒီဇိုင်နာကျောင်းကိုတက်ခဲ့ပြီး America နိုင်ငံရဲ့ နာမည်ကြီး company တစ်ခုမှာအလုပ်ရခဲ့တယ် သူ့ကိုသတိရတဲ့စိတ်ကို မေ့ပျောက်ချင်လို့ နေ့မအိပ်ညမအိပ်အလုပ်တွေပဲ ဖိလုပ်ခဲ့တယ် အဲ့အကျိုးရလဒ်က Soo နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့တယ် America မှာ Soo ရဲ့ အင်္ကျီဒီဇိုင်းတွေက အရေအတွက်နဲ့ကန့်သတ်ပီးထုတ်ရလောက် တဲ့အထိဈေးကွက်မှာထိုးဖောက်ခဲ့တယ် ဒီဇိုင်နာ Do Soo ဆိုရင် ဒီဇိုင်နာလောကမှာ မသိတဲ့လူရှားတယ် Sooကို DoDo လို့ပဲခေါ်ကြတယ်လေ Ommaကအစတုန်းကတော့ Soo ကို စိတ်ဆိုးပြီးတစ်နှစ်လောက်စကားမပြောဘူး အဆက်သွယ်ဖြတ်ထားခဲ့တယ် နောက်တော့လည်း America ကို လိုက်လာပြီး Soo ကို ပြန်လာခဲ့ဖို့ပြောတယ် Sooမပြန်ချင်ဘူးဆိုတော့ ကိုယ်ပိုင် company ဖွင့်ပေးမယ်လို့ပြောပေမယ့် Soo လက်မခံခဲ့ဘူး Soo စီးပွားရေးမဆန်ချင်ဘူးလေ Soo ဝါသနာပါရာကိုလုပ်ပြီးအေးဆေးပဲ နေချင်တယ်ဆိုလို့Ommaကပြောမရတဲ့အဆုံး လက်ခံခဲ့တယ်

Kai နဲ့ Baek ရဲ့ မင်္ဂလာဆောင်တောင် ပြန်မလာဖြစ်ခဲ့ဘူးအကြောင်းအမျိုးမျိုးပြပြီး ငြင်းခဲ့တယ် သူတို့လည်းသိပါတယ် Soo ဘာလို့ပြန်မလာချင်လည်းဆိုတာ သူတို့ကလွန်ခဲ့တဲ့သုံးနှစ်ကမင်္ဂလာဆောင် ဖြစ်ကြတာလေ Soo Kai နဲ့မင်္ဂလာဆောင်ကို ငြင်းခဲ့တယ် Omma က အကြီးကျယ်စိတ်ဆိုး
တာပေါ့ Baek ကိုတော့ ရင်ထဲရှိတဲ့ခံစားချက်အတိုင်း ဆက်လုပ်ဖို့ပြောခဲ့တယ် Kai ကိုလည်း ကိုယ့်ကိုတကယ်ချစ်တဲ့လူကို လက်မလွှတ်မိစေဖို့ သတိပေးခဲ့တယ် Sooထွက်သွားပီး 1 နှစ်နေတော့ သူတို့နှစ်ယောက်ချစ်သူဖြစ်တယ်တဲ့ Sooကိုအမြဲ mail ပို့တယ် ညတိုင်း video chat တယ် Sehun ကတော့ သူအရင်ကစာပြပေးရပြီး သူ့ကိုငယ်ငယ်ထဲက ကြိုက်နေတဲ့ Luhan ဆိုတဲ့ သူ့ထက်ငယ်တဲ့ကောင်လေးတစ်ယောက်နဲ့ ပြီးခဲ့တဲ့နှစ်ကမှမင်္ဂလာဆောင်လိုက်တယ် အချစ်ဆုံးသူငယ်ချင်း 3ယောက်ထဲမှာ Sooကတော့အခုထိအပျိုကြီးပေါ့

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Feb 21, 2016 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

You Don't know !Tempat cerita menjadi hidup. Temukan sekarang