Part - 17

1.4K 148 4
                                    

ဒီနေ့နိုးထရတာ ကျွန်တော့ဘဝအတွက် အဓိပ္ပါယ်ရှိဆုံးပဲ ဒီနေ့ဟာ ကျွန်တော်တို့ မင်္ဂလာဆောင်အတွက် ဝတ်စုံသွားရွေးရမယ့် နေ့လေးလေ

Ring Ring

''အင်း Soo ကိုယ် ခဏနေ Soo ဆီလာခဲ့တော့ မယ်နော် Soo အဆင်သင့်ဖြစ်နေပြီလား''

''Kai Sooလေ Baekကို ခေါ်ခဲ့မယ်နော်''

''ခေါ်ခဲ့လေ Soo ရဲ့ Baekki ပါတော့ Soo ဝတ်စုံရွေးရတာ ပိုအဆင်ပြေတာပေါ့ သူလည်းအကြံပေးလို့ရတာပေါ့''

''အင်းပါ အာ့ဆို စောင့်နေမယ်နော် Bye ''

တသက်မှာတစ်မင်္ဂလာဆိုတဲ့ မင်္ဂလာဆောင်ခါနီးမှာ Soo ဘာလို့များ မပျော်ရတာလဲ Soo တကယ်ပဲ ဒီလမ်းကိုရွေးတာ မှန်ရဲ့လား Soo နှလုံးသားက တခြားတစ်ယောက်ဆီမှာ ဘာပဲဖြစ်ဖြစ်ပါလေ နောက်တော့လည်း Kai ကို ချစ်လာမှာပါ

'' Soo ဘာတွေစဉ်းစားနေတာလဲ ''

'' Baek ''

'' နင် ဘာမှစဉ်းစားမနေနဲ့ ရှေ့ကိုသာဆက် လျှောက်ပါ Park Chanyeol နဲ့နင်က မဖြစ်နိုင်တော့ဘူးလေ နင်အခုလျှောက်မယ့်လမ်းက မှန်တယ် ''

'' အင်းပါဟာ ဒါနဲ့ Baek နင်နေရောကောင်းရဲ့လား နင့်ကြည့်ရတာ အားမရှိသလိုပဲ ငါနင့်ကို အဖော်ခေါ်မိတာ မှားပီထင်တယ် နင့်ကိုဒုက္ခပေးသလိုဖြစ်နေပီ ''

'' မဟုတ်တာဟာ ငါနေကောင်းပါတယ် ဟောဟိုမှာ Kai လာနေပီ သွားကြရအောင်နော် Soo ''

ဒီနေ့ Kai က ခါတိုင်းထက်အရမ်းချောနေတာပဲ သူ့မျက်နှာမှာလည်းအပြုံးနဲ့ တက်ကြွနေတာပဲ အင်းပေါ့လေ သူချစ်ရမယ့်သူနဲ့ ယူရတော့မှာဆိုတော့ သူပျော်နေမှာပေါ့နော်

'' ကဲ ရောက်ပီ Baekki Soo ကို အလှဆုံးဖြစ်စေမယ့် ဝတ်စုံကို ကူရွေးပေးလိုက်ပါအုံးနော် Baekki ကို အားကိုးပါတယ်နော် ''

'' အင်း စိတ်ချပါ Kai ရဲ့ Soo အလှဆုံးဖြစ်စေရပါ့မယ် ''

'' Baek ဒီ ဝတ်စုံလှလား ''

'' လှတယ် Soo ဝတ်ကြည့်လိုက်ပါ့လား နင်နဲ့ဆို အရမ်းလှမှာပဲ ''

'' အင်းပါ အဲ့ဒါဆို ငါသွားဝတ်လိုက်အုံးမယ် ''

'' အင်း စောင့်နေမယ် လှလှလေးဝတ်ပီး ထွက်ခဲ့နော် ''

'' Kai အရမ်းပျော်နေတယ်ထင်တယ်နော် ''

You Don't know !Where stories live. Discover now