''Arjuma... Soo ဘာကူလုပ်ပေးရမလဲဟင်''
''ဘာမှလုပ်စရာမလိုပါဘူး Soo ရဲ့ ဒါ Arjuma လုပ်နေကျပဲ Soo ဘာသာ အေးဆေးနေ''
''Nae''
''Sooတို့ဘယ်နေ့ပြန်မှာလဲ သမီးပြန်ရင်တော့ Arjuma လွမ်းနေတော့မှာပဲ''
''Soo လည်း Arjuma ကို လွမ်းနေမှာ ဒီအတောတွင်း Sooကို အစစအရာရာ ဂရုစိုက်ခဲ့တာတွေအတွက် Arjuma ကို ကျေးဇူးတင်ပါတယ်''
''ကျေးဇူးမလိုပါဘူး သမီးရဲ့ သမီးသူဌေးလေး ကိုသာဂရုစိုက်ပေးပါ သမီးနဲ့သူဌေးလေးကို အမြဲအတူတူမြင်ချင်တယ်''
''Arjuma ကလည်း .... ''
Soo ရှက်ကိုးရှက်ကန်းနှင့် ထွက်သွားလေသည်''Arjuma ကလည်း ဘာတွေလျှောက်ပြောမှန်းမသိဘူး ဒါပေမယ့် Arjuma ပြောသလို သူနဲ့အမြဲအတူရှိရရင်ကောင်းမှာပဲ''
~~~~~~~~~~~~~~~~~~~~~~~~~~
အပြင်မှာမိုးတွေကလည်းသည်းနေလိုက်တာ ဒီပုံဆိုဘယ်နေ့မှပြန်ရမလဲမသိဘူး
သူခုနကဒီနားမှာစာထိုင်ရေးနေပါတယ် ဘယ်ရောက်သွားလဲမသိဘူး စာအုပ်တွေကလည်း ပွနေတာပဲ သေချာပြန်စီပေးအုံးမှ
ဟင် ဒါသူ့ရဲ့ Diary စာအုပ်ပဲ သူခုနကရေးနေတာဒီစာအုပ်ပဲဖြစ်မယ် ဖတ်ကြည့်ရင်ကောင်းပါ့မလား မသင့်တော်ပါဘူးလေ သူများအကြောင်းတွေကို ဒါပေမယ့် ဒီထဲမှာ သူ့ချစ်သူအကြောင်းတွေ ဘာတွေ ရှိချင်ရှိနိုင်တယ် ဘယ်လိုပဲဖြစ်ဖြစ် ဖတ်ကြည့်ရမယ်
ငါသူ့ကိုအရမ်းချစ်မိနေပီ
ဒါပေမယ့် ငါသူ့ကို
ငါ့ဘဝထဲကိုဆွဲမခေါ်ရက်ဘူး
ငါ့အကြောင်းတွေသာသိသွားရင်
သူငါ့ကိုလက်ခံနိုင်ပါ့မလား
ဒီအကြောင်းတွေတွေးမိရင်း
အိပ်ပျက်ညတွေများခဲ့ပီ ...ဟင်းးးးဘာကြီးလဲ သူဌေးမှာဘာအကြောင်းတွေရှိခဲ့လို့လဲ ဒါခုနကရေးထားတာဖြစ်မယ် ဒါဆိုရှေ့စာမျက်နှာတွေမှာ သူ့အကြောင်းတွေ များရေးထားမလားမသိဘူး ဆက်ပြီးဖတ်မယ်ဟာ
ဒီနေ့သူအရမ်းလှတယ်
ငါ့ဘေးမှာဒီလိုလေးပဲ
အမြဲနေပေးရင်သိပ်ကောင်းမှာ
င်ါသူနဲ့ဘဝတစ်ခုထူထောင်ချင်တယ်....ှ
ဒီနေ့လည်းစိတ်ကူးတွေနဲ့ပျော်နေမိတယ်...

YOU ARE READING
You Don't know !
Romance'' ဒေါက်....ဒေါက်'' Soo တစ်ယောက် တံခါးခေါက်ထဲက omma မှန်းသိလိုက်သည် '' Omma ..... Wae !!! '' " Soo ထတော့လေ Wedding သွားဖို့ပြင်ရဦးမယ်လေ '' '' Omma သမီးမလိုက်ချင်ဘူး အိမ်မှာပဲနေချင်တယ် :'( " သနားစရာအသံလေးနှင့်ပြောလိုက်သည် '' မလိုက်လို့မရဘူး သမီးလူဝ...