''Bor! Soo အလုပ်လုပ်နေတယ်ဟုတ်လား''
''ဟုတ်တယ်လေ အခုပဲအလုပ်ကနေပြန်တာ''
''ဘာနဲ့ပြန်တာလဲ ဘယ်သူနဲ့လဲ ''
''ဟင် ဘယ်သူနဲ့ပြန်တယ်လို့ ပြောလို့လား ကိုယ့်ဘာသာbusနဲ့ပြန်တာပေါ့''
''သြော် တော်သေးတာပေါ့ နောက်နေ့ကျရင် ကားယူသွားလေ''
''မယူချင်ပါဘူး သာမန် မိန်းကလေး တစ်ယောက်အနေနဲ့ပဲ အလုပ်လုပ်နေတာ''
''ဖြစ်နိုင်ရင်အလုပ်မလုပ်ပါနဲ့လား ကိုယ်စိတ်မချလို့''
''စိတ်မချရအောင်ကလေးမှမဟုတ်တာ''
''ကလေးမဟုတ်လို့ပိုစိတ်မချတာပေါ့ ကလေးသာဆိုအပြင်တောင်ပေးထွက်မှာမဟုတ်ဘူး အိမ်ထဲမှာပဲထားမှာ''
''ပိုကိုပိုလွန်းပါတယ်''
''ဟဟ မပိုပါဘူး လိုတောင်လိုနေသေးတယ်''
''ဟုတ်ပါပြီထားပါတော့ အိမ်ရောက်မှဖုန်းဆက် တော့မယ် အခုရောက်ခါနီးနေပြီ ဖုန်းချလိုက်တော့မယ်နော် ''
'' okok ဂရုစိုက်နော် bye ''
Soo တစ်ယောက် Kai နဲ့သာ စကားပြောနေတာ သူ့အတွေးတွေးကတော့ ....
-------******#####&&&&*****---------
''Omma ... Soo ပြန်ရောက်ပြီ ''
'' သမီးအလုပ်လုပ်ရတာအဆင်ပြေရဲ့လား ''
''ပြေပါတယ် Omma အားလုံးကလည်း ဂရုစိုက်ပါတယ် Omma Soo အတွက်စိတ်မပူ နဲ့နော် ဒီနေ့ Omma Company မသွားဘူးလား Soo ထက်အရင်ပြန်ရောက်နေတယ် ''
'' Omma ခေါင်းနည်းနည်းမူးနေလို့ စောစောပြန်လာလိုက်တာ''
''Omma Soo သံပရာရည်ဖျော်ပေးမယ်လေ ခဏနော် ''
'' Omma ရော့ ဒါလေးသောက်လိုက် Soo ရှယ်ဖျော်ပေးထားတာ''
'' ဟုတ်ပါပီ ဒီလိုလိမ်မာတဲ့သမီးလေး ရှိလို့ Omma တစ်ယောက်ထဲ ရုန်းကန်နိုင်တာ အားလုံးက သမီးအတွက်ပဲ ဒါပေမယ့် Omma မရှိတော့ရင်ဘယ်လိုလုပ်မလဲ ''
'' ဟာာ Omma ကလည်း Omma က အသက်ရှည်ရှည်နေရမှာပါ ဒီလိုစကားတွေမပြောပါနဲ့ ''
'' မဟုတ်ဘူးလေ သမီးရဲ့ Omma မရှိရင် သမီးရှေ့ရေးအတွက်စဉ်းစားရမယ် Omma သမီးကို အိမ်ထောင်ပြုစေချင်တယ် Omma စိတ်ချချင်တယ် ''
'' Omma ကလည်း Soo Omma နဲ့ပဲနေချင် သေးတယ် အိမ်ထောင်မပြုချင်သေးဘူး ဒီတိုင်းလေးပဲနေချင်သေးတယ် ''
'' ဒီနေ့ပဲ Kai ရဲ့ မိဘတွေက စကားစလာတယ် သူတို့ရဲ့ချွေးမဆိုလို့ သမီးကိုပဲမြင်တယ်တဲ့ သမီးကိုပဲ သူ့သားနဲ့ပေးစားချင်တယ်တဲ့ ''
''ဟာာ Omma ကလည်း Soo တို့က သူငယ်ချင်းတွေဟာကို ''
'' သမီးက သူငယ်ချင်းပေမယ့် Kai က ဘယ်လိုစိတ်ရှိနေလဲဆိုတာ Omma သိနေတယ် Kai ကသမီးကို ချစ်ရှာပါတယ် သူ့လိုလူမျိုးတွေ့ဖို့ဆိုတာ မလွယ်ဘူး သမီး''
'' Omma Soo စဉ်းစားပါရစေအုံး အခုတော့ Soo နားလိုက်အုံးမယ်နော် ''
'' အင်းအင်း Omma ပြောတာသေချာ စဉ်းစားနော် ''
-----*****######&&&&&*****------
XoXo ဖုန်း ring tone လေးမြည်လာသည်''Yeobosayaw''
'' ကိုယ်ပါ Chanyeol ''
''Nae''
'' Soo ပြန်ရောက်ပီလား ''
'' Nae ပြန်ရောက်တာကြာပီ ''
'' ထမင်းရောစားပြီးပြီလား''
'' မစားရသေးဘူး အခုမှရေချိုးလို့ပြီးတာ ''
'' ဒါနဲ့ Soo အလုပ်လုပ်ရတာ အဆင်ပြေလား ''
'' Nae ပြေပါတယ် ''
'' ဘာမှတော့မဟုတ်ပါဘူး ဒီတိုင်းဖုန်းဆက်တာပါ မနက်မှတွေ့မယ်နော်''
''Nae''
''ဘာလဲမသိဘူး ဘာမှလည်းမပြောဘူး သူသိချင်တာသိပြီးရင် ဖုန်းချလိုက်တော့တာပဲ''
သူစိမ်းဆန်လိုက်တာ ဒါပေမယ့်လည်း သူ့စကားသံကြားလိုက်ရတာ နည်းနည်းစိတ်သက်သာသွားသလိုပဲ Do Kyungsoo fighting!
တစ်နေ့နေ့တော့ အချစ်ဆိုတာကို တွေ့လာမှာပါ
أنت تقرأ
You Don't know !
عاطفية'' ဒေါက်....ဒေါက်'' Soo တစ်ယောက် တံခါးခေါက်ထဲက omma မှန်းသိလိုက်သည် '' Omma ..... Wae !!! '' " Soo ထတော့လေ Wedding သွားဖို့ပြင်ရဦးမယ်လေ '' '' Omma သမီးမလိုက်ချင်ဘူး အိမ်မှာပဲနေချင်တယ် :'( " သနားစရာအသံလေးနှင့်ပြောလိုက်သည် '' မလိုက်လို့မရဘူး သမီးလူဝ...