My First Love
Episode 13သူမ Omma တို့နဲ့ ညစာ စားပြီး ဧည့်ခန်းထဲမ ထိုင်နေရင်း
'Omma Appa Soo ပြောစရာ ရှိလို့ '
omma ရော appa ရော သူမ ဘက် လှည့်လာကာ
'ပြောလေ သမီး '
'Soo သန်ဘက်ခါလောက် Baek တို့နဲ့ ခရီးတစ်ခုလောက် ထွက်ချင်လို့ အဲ့ဒါ '
'သွားလေ သမီးရဲ့ ဘာလို့လဲ '
'ဘာမှမဟုတ်ပါဘူး omma တို့ကို အသိပေးတာပါ '
'အေး အေး သွားကြလေ '
'ဟုတ်ကဲ့ '
သူမ ပြောပြီး အိမ်ပေါတက်ခဲ့သည်
ကိုဆီ ဖုန်းဆက်ရဦးမယ်လေ
သူမ ဖုန်းလေးကိုင်ကာ ကိုဆိုတဲ့ နာမည်လေးကို နှိပ်လိုက်သည်
ဖုန်းက ချက်ချင်းဝင်သွားပြီး ချက်ချင်းတန်းကိုင်သည် သူ သူမဖုန်းကို မျှော်နေတဲ့ပုံပဲ ...
'Hello Soo '
'အင်း ကို Soo မိဘတွေက ခွင်ပြုတယ်တဲ့ '
'ဟုတ်လား ပျော်စရာကြီးကွာ '
'အင်း Soo လဲ ပျော်တယ် '
'ok အာ့ဆို ကိုယ် စီစဉ်လိုက်တော့မယ်နော် '
'အင်း ကို အာ့ဆို Goodnight နော် '
'Goodnight Saranghae Soo Mwah :* :* '
'Saranghae ကို '
သူမ ပြောပြီး ဖုန်းချလိုက်သည် သွားရမယ့်ခရီးအတွက် သူမ ပျော်နေမိတာ အမှန် ....
~~~~~~
သူမတို့ သွားမယ့်မနက်ကျ တော့ သူက သူမကို အိမ်ထိ လာခေါတယ်လေ
သူ့အိမ်မှာ လူစုပြီးမှ ကားတစ်စီးနဲ့ တူတူ ပေါင်းသွားကြမှာ
ကျန်တဲ့ သူတွေကတော့ ကိုယ့်ဟာကို လာကြမှာ သူမလဲ ကိုယ့်ဟာကိုယ် လာပါမယ်ဆိုတာကို သူက သူလာခေါမယ်တဲ့လေ
သူမ ပြင်ဆင်ပြီး အိတ်လေးဆွဲကာ အိမ်ရှေ့ထွက်ခဲ့တော့ သူကားက ရောက်နေပြီလေ