My first love
Episode 11သူ့ ကားပေါရောက်တော့ သူမကို သူကိုယ်တိုင် ခါးပတ်ပတ်ပေးတော့
'ရပါတယ် ကိုရဲ့ Soo ဘာသာ လုပ်ပါ့မယ် '
'ကိုယ်လုပ်ချင်လို့ပါ '
'ပြောမရလဲ သဘောရှင် '
သူ ခါးပတ်ပတ်ပေးသည် ပြီးတော့ သူမဘက်ကို ကြည့်ပြီး ပြုံးလိုက်ကာ
'ဘယ်သွားချင်လဲ Soo '
'အင်းးးး '
ခဏလောက်စဉ်စားပြီးမှ
'Soo သွားချင်တဲ့ နေရာ လိုက်ပို့ပေးမှာလား '
'ပို့ပေးမှာပေါ့ Soo ရဲ့ '
'အဲ့နေရာက ပျော်ဖို့မကောင်းဘူးနော် '
'ကိုယ့် ကလေးလေး သွားချင်မှတော့ ကိုယ်က ပို့ပေးရမှာပေါ့ ပြော ဘယ်နေရာလဲ '
'Moonlight မိဘမဲ့ဂေဟာ '
'Ok Let's go Baby '
~~~~~~~
သူတို့ မိဘမဲ့ဂေဟာကို ရောက်ဖို့ တစ်နာရီလောက် ကားမောင်းရတယ်လေ လမ်းမှာလဲ Soo က သီချင်းတွေ ဆိုလိုက် သူ့ကို ဟာသတွေ ပြောလိုက်နှင့် နှစ်ဦးလုံး ပျော်ရွှင်နေသည်
ဟိုရောက်တော့ Soo ကားပေါက ဆင်းဆင်းချင်း
ကလေးတွေ ဝိုင်းအုံလာပြီး'Unnie မီးအတွက် ဘာပါလဲ Noona သားအတွက် မုန့်ပါလား ' စသည်ဖြင့် သူမဆင်းကတည်းက ကလေးတွေ သူမနား ကပ်နေကြသည်
'ဟယ် unnie မေ့လာတာ ဘာမှ မပါခဲ့ဘူး '
အဲ့တော့ ကလေးတွေက မျက်နှာတွေ ညိုးနွမ်းသွားသည်
အဲ့တော့မှ သူမလဲ
'စတာပါကွယ် unnie က သားတို့ သမီးတို့ကို မေ့ပါမလား ကားထဲမှာပါတယ် ဒီမှာ ကြည့် '
ကားနောက်ခန်းကို ဖွင့်ပြလိုက်တော့ အရုပ်ထုတ်လေး တစ်ထုပ် .....
'ဟေးးးးး ဒါမှ တို့ Unnie ကွ '
ကလေးတွေ Soo ကို ဝိုင်းဖက် လိုက်သည်
