Episode 14

685 60 9
                                        

My First love
Episode 14

သူမ အိပ်​ရာနိုးလာ​တော့ ​နေ့လည်​ ၂နာရီ​တောင်​ ရှိ​နေပြီ​လေ သူမ ချက်​ချင်းထလိုက်​ပြီး ​​ဘေးကိုကည့်​လိုက်​​တော့ Baek နဲ့
Lu က အိပ်​​ပျော်​ဆဲ .....

သူမ သူတို့ကို နှိုးလိုက်​သည်

'Baek Lu ထ​တော့ ၂နာရီ​တောင်​ ထိုး​နေပြီ '

သူမ သူတို့ကို နှိုးပြီး​တော့ ​ရေချိုးလိုက်​သည်​ သူမ ​ရေချိုးခန်းထဲက ထွက်​လာတဲ့ အထိ သူတို့မနိုး​သေးဘူး​လေ

'Byun Baekhyun Xi Luhan ထ​တော့ လို့ '

သူမ အသံဗြဲနဲ့ ​အော်​လိုက်​​တော့မှ နှစ်​​ယောက်​လုံး ​ငေါက်​ကနဲ့ ထလာပြီး တစ်​​ယောက်​ ​ရေချိုးခန်းထဲ ဝင်​သွားပြီး တစ်​​ယောက်​က အကျီင်္ ထုတ်​​နေသည်

သူမလဲ အကျီင်္လဲလိုက်​သည်

~~~~~~~

သူမတို့သုံး​ယောက်​ အကုန်​ပြီးသွား​တော့ အပြင်​ထွက်​ခဲ့သည်​ သူတို့ အခန်းတံခါးကို တံခါး​ခေါက်​လိုက်​သည်

တော်​​တော်​နဲ့ ထွက်​မလာ ....

ထပ်​​ခေါက်​လိုက်​​တော့မှ Suho ကလာဖွင့်​သည်​ အိပ်​ချင်​မူးတူး ဆံပင်​​တွေလဲ ပွ​နေသည်

'Soo တို့ ပြီးသွားပြီလား ကိုယ့်​တို့ အိပ်​​ပျော်​သွားတာ '

'ရပါတယ်​ ​ရေချိုးလိုက်​ဦး​လေ Soo တို့ Lobby က ​စောင့်​မယ်​ '

'Ok '

သူတို့ကို ​ပြောပြီး သူမတို့ Lobby မှာ ထိုင်​​စောင့်​​နေကြသည်

Baek က​တော့ ပျင်းလို့ Selfie ဆွဲ​နေသည်​ Lu က Game ကစား​နေသည်

သူမက​တော့ ​​ဘေးကို ​လျောက်​ကြည့်​​နေသည်

'Soo ​ရေ ဒီဘက်​လှည့်​ '

Baek ​ခေါလို့ သူမ ဒီဘက်​လှည့်​လိုက်​​တော့ ချပ်​ခနဲ ....

Baek Selfie ရိုက်​လိုက်​တာ​လေ Soo က ​တော်​ရုံဆို photo သိပ်​မရိုက်​တာ​လေ Baek Soo ကို အငိုက်​မိ​အောင်​ လုပ်​လိုက်​တာ​လေ

'Soo ဒီမှာ ကြည့်​ နင်​ အရမ်းလှတာပဲ ရုတ်​တရက်​ဆို​တော့​လေ ရုပ်​​လေးက ချစ်​စရာ​လေး '

My first loveWhere stories live. Discover now