Final

1.2K 101 4
                                    

My first love
Final

သူမ သတိရလာ​တော့ ပထမဆုံး မြင်​ရတာ မျက်​နှာကျက်​ဖြူဖြူ .... ဦး​နှောက်​ကို ချက်​ချင်းအလုပ်​​ပေးလိုက်​​တော့ သူမဖြစ်​ပျက်​ခဲ့တဲ့ အဖြစ်​အပျက်​​တွေ ... ကို ဒီ​လောကကြီးမှာ မရှိ​တော့ဘူးဆို​တဲ့ အဖြစ်​ ...

သူမ အလန့်​တကြားနဲ့ ချက်​ချင်း ထထိုက်​ဘိုက်​သည်​ .. သူမ ထထိုင်​လိုက်​တာနဲ့ ​ဘေးမှာ ထိုင်​​စောင့်​​နေတဲ့ omma က

'သမီး သတိရလာပြီလား '

'Omma Soo သိ​နေတာ​တွေက အိမ်​မက်​မလားဟင်​ .. တကယ်​မဟုတ်​ပါဘူး​နော်​ '

'သမီးရယ်​ '

Omma က​ပြောပြီး သူမကို ဖက်​ပြီး ငိုလိုက်​တာ​ကြောင့်​ သူမ သိထားတဲ့အရာ​တွေက အိမ်​မက်​မဟုတ်​ဘူးဆိုတာ .....

သူမ မငို​ကြွေးပဲ မျက်​ရည်​​တွေက ပါးပြင်​​ပေါ်မှာ ​နေရာယူသွားကြသည်​ ...

ဒါဆို ကို က Soo ကို တစ်​​ယောက်​ထဲ ထားသွားခဲ့ပြီ​ပေါ့ ....

သူမအတွက်​ ​လောကကြီးက အခု​တော့ ဘာမှအဓိပ္ပာယ်​မရှိ​တော့သိလိုပါပဲလား .....

~~~~~~~~

ခုဆို သူ ​လောကကြီးမှာ မရှိတာ ၆လတိတိရှိသွားခဲ့ပြီ ...

သူမလဲ အိမ်​ထဲကအိမ်​ပြင်​မထွက်​ ... သူမရှိ​တော့ကတည်းက မိဘအိမ်​မှာပဲ omma တို့က ပြန်​​ခေါ်ခဲ့တာ .....

Baek တို့ တစ်​ခါတစ်​ရံ လာ​ပေမယ့်​ သူတို့လဲ သူတို့အလုပ်​နဲ့ဆို​တော့ အမြဲ​တော့ မလာနိုင်​ဘူး​လေ ...

သူမ ​အခန်းထဲက ကုတင်​​ပေါ်မှာ ထိုင်​​တွေး​နေတုန်း Omma ဝင်​လာသည်​ ..

သူမ​ဘေးမှာ ဝင်​ထိုင်​လိုက်​ကာ

'သမီးရယ်​ အပြင်​​လေး ဘာ​လေး ထွက်​ပါဦးလား အိမ်​ထဲမှာပဲ ​နေမ​နေနဲ့​လေ '

'ဟုတ်​ကဲ့ပါ ​omma '

သူမ omma ကိုလဲ အားနာလှပြီ​လေ .. omma က ဒီ၆လအတွင်း သူမ အရိပ်​အကဲပဲ ကြည့်​ပြီး သူမ အတွက်​ပဲ အချိန်​​ပေး​နေခဲ့တာ​လေ

'​အေး ​အေး သမီး Baek တို့နဲ့ သွား​လေ '

'ဟုတ်​ omma '

My first loveWhere stories live. Discover now