'အင်း Baek ပြော '
'နင် ဘယ်မှာလဲ '
'ရုံးမှာလေ '
'ဘာလဲ ကြည်နူးနေတယ်ပေါ့ '
'ဟီးဟီး '
'မိန်းမ ရယ်မနေနဲ့ ပြောစရာ ရှိလို့ '
'ပြောလေ Baek '
'ငါတို့ weekend ကျ ကစားကွင်းသွားမလို့ အဲဒါပြောတာ '
'သွားလေ '
'အေး နင့် hun ကြီးကို ပြောလိုက်ဦးလို့ '
'ပြောစရာ မလိုပါဘူး သူက ငါ့သဘော ခိခိ'
'အမလေး မိန်းမ ခုမှ ကဲနေတာ ဟွန့် '
'အင်း ဒါဆို weekend ကျ မနက်ကတည်းက လာခဲ့မယ် ဒါပဲမလား'
'အင်း ဟုတ်တယ် ဒါပဲ '
သူတို့နှစ်ယောက် ဖုန်းချလိုက်တော့ Hun က သူမကို ကြည့်နေသည်။
'Hun Lu တို့ သယ်ရင်းတွေလေ weekend ကျရင် ကစားကွင်းသွားမလို့ အဲ့ဒါလေ '
'ကိုယ် လိုက်ခဲ့မယ်လေ '
ကဲ မပြောပါလား Baek ရယ် သူက ငါ့သဘောပါဆို ခိခိ
'အင်း အဲ့ဒါပြောတာပါ Baek နဲ့ '
'အင်း ကိုယ့်နားခဏလာပါဦး Lu ရဲ့ '
'အင်း ဘာလို့လဲ Hun ရဲ့ '
Lu သူ့နားကို လျောက်သွားရင်းနဲ့ မေးလိုက်သည်။
သူ့နားကို ရောက်တော့ သူက Lu လက်ကို ဆွဲချပြီး Lu ကို သူ့ပေါ်ထိုင်ခိုင်းသည်။
' အာ Hun ကလဲ လွတ်ပါ ရုံးခန်းထဲမှာ '
'ဘာဖြစ်လဲ Lu ရဲ့ ရုံးခန်းထဲမှာ '
Lu မျက်နှာလေး နီလာသည်။Hun စကားပြောတဲ့ လေအဝင်အထွက်က သုမ ပါးနားလေးမှာ လာကျီစယ နေသည်။
'Hun .... Hun လွှတ်ပါ Lu မနေတတ်ဘူး '
အင်းလေ ဘယ်နေတတ်မလဲ ရည်စားမှ တစ်ခါမှမထားဘူးတာကို။
'ဒါဆို ကိုယ်လိုချင်တာ တစ်ခု လုပ်ပေးရမယ် '
Lu လဲ မနေတတ်တာနဲ့ ချက်ချင်းပဲ
'အင်း လုပ်ပေးမယ် လွတ်တော့နော် '
Hun လဲ လွတ်ပေးလိုက်ရင်း
