My First Love
Episode 10သူ ဒီနေရာကို ရောက်နေတာ ၁၀ မိနစ်လောက်ရှိပြီလေ ဘာလို့ရောက်နေတာလဲ ဆိုတော့ Soo ချိန်းထားလို့လေ
မနေ့ညက သူ့ဆီ ဖုန်းဆက်လို့ သူအရမ်းပျော်သွားတာ ဖုန်းဆက်ရတဲ့ အကြောင်းအရင်းက မနက်ဖြန် တွေ့ရအောင်တဲ့လေ
သူအရမ်းပျော်သွားသည် သူထင်တာ မမှားဘူးဆို Soo ဒီနေ့ သူ့ကို အဖြေပေးတော့မယ် ထင်သည်
သူရောက်နေတာ ရေလည်တံတားလေးပေါမှာလေ ....
မနက်စောစောဆိုတော့ လမ်းလျောက်တဲ့ လူတွေ လောက်ပဲ ရှိတာလေ Soo က ချိန်းတော့ သူ Soo အိမ်နဲ့ အနီးဆုံး ရှိတဲ့ ဒီ ရေလည်တံတားလေးကိုပဲ ချိန်းလိုက်သည်
သူ အတွေးတွေနဲ့ မျောနေတုန်း သူခါးကို တစ်စုံတစ်ယောက် လာဖက်တယ်လေ သူ လှည့်ကြည့်မလို့ လုပ်လိုက်တော့
'ကို့ကို Soo ချစ်တယ် '
'ဟင် '
သူ အဲ့စကားကို ကြားကြားချင်း ကိုယ့်နားကိုတောင် မယုံနိုင် ....
Soo က သူ့ကို ချစ်တယ်
'Soo တကယ် တကယ်လားဟင် '
'အင်း ကို့ကို Soo ချစ်တယ် '
'ဟား ကိုယ့်ဘဝကြီး ပြည့်စုံသွားပြီကွာ '
သူ ပြောပြီး သူ့ခါးကို ဖက်ထားတဲ့ Soo လက်လေး နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ဖက်ထားတာကို ဖြုတ်လိုက်ပြီး သူဘက်ကို ဆွဲလှည့်လိုက်သည်
သူ Soo မျက်နှာလေး မြင်တော့ မျက်နှာလေးက ရဲနေသည်လေ
ဒီကလေးမလေး ရှက်နေတာလား ....
'Aigoo ကိုယ့်ကလေးလေး ရှက်နေတာလား အခု မျက်နှာလေးကို ရဲနေတာပဲ '
'အာ ကိုနော် လူကို မစနဲ့ '
'မစပါဘူး ကြည့်ဦး တကယ်ရဲနေတာ အဲ့ရဲနေတာလေး ပိုရဲသွားအောင် လုပ်ပေးရမလား '
'ဟင် ဘာကိုပြော .....'
သူမ နားမလည်လို့ သူ့ကို မော့ကာမေးလိုက်တော့ သူမ နှုတ်ခမ်းကို သူ ဖြတ်ခနဲ နမ်းလိုက်သည်လေ
