My first love
'ကဲ ကဲ စကားပေါမနေနဲ့တော့ ခုဘယ်သွားမလဲ '
'ဓားပြလှေ စီးမယ် '
Baek က ပြောလိုက်သည်
'Ok လေ သွားကြတာပေါ့ '
သူတို့ ထိုင်နေရာက ထလိုက်ကြပြီး သုံးတွဲက အရှေ့ကနေ သွားပြီးတော့ Soo နဲ့ Suho ကတော့ နောက်ကနေ လိုက်ခဲ့သည်
ဓားပြလှေ စီးတော့လဲ Baek တို့ Lu တို့ က ဘာမှမဖြစ် ....
Soo ကတော့ ခေါင်းတွေမူးလာသည်
စီးပြီးတော့ အောက်ကို ဆင်းတော့ Soo တစ်ချက်ယိုင်သွားတော့ Suho က လှမ်းထိန်းပေးလိုက်သည်
'Soo ဟိုနားမှာ ခဏထိုင်မယ်နော် '
Soo ခေါင်းငြိမ့်ပြလိုက်သည် Baek တို့ကတော့ အလွန်ပျော် အလွန်ကဲနေသည်
'Baek Soo ကို ခဏ ကြည့်ထားနော် ကျွန်တော် Shark သွားဝယ်လိုက်ဦးမယ် '
'သွားပါရှင် ရှင့် Soo ကို Baek ခဏထိန်းထားပေးမယ် ဟုတ်ပြီလား အကဲကို ပိုတယ် ဟွန်း '
Suho တစ်ယောက် ဝယ်ပြီး ပြန်လာသည်
Soo ကို Shark တိုက်လိုက်ပြီး ခဏနေတော့ Soo ခေါင်းမူးတာ သက်သာလာပြီလို့ ပြောသည်
'Soo နင်သက်သာရင် နောက်တစ်နေရာသွားမယ်လေ ''သွားလေ ငါ သက်သာပါတယ် '
'ဘယ်သွားမှာလဲ Baek '
Lu က ဝင်မေးလိုက်သည်
'သရဲအိမ် '
~~~~~~~
ယောကျာ်းလေးတွေ လက်မှတ်သွားဝယ်နေတုန်း
'Soo နင် Suho ကို သတိထားမိလား နင့်မူးနေတာကို ပျာယာတွေခတ်နေတာလေ '
'နင်ကလဲ '
'ဟုတ်တယ် နင့်ကို တော်တော်လေးကို ဂရုစ်ုက်တာနော် စိတ်ကူးမလွဲနဲ့ Soo '
'နင်တို့ကလဲ ဟာ '
Soo ရှက်နေတုန်း ယောကျာ်းလေးတွေ လက်မှတ်ဝယ်ပြီး ပြန်လာသည်
