My First Love
Episode 17သီချင်းလေး ပြီးဆုံးသွားတော့ သူက Stage ပေါက ဆင်းလာကာ Soo ရှေ့ ဒူးထောက်ထိုင်လိုက်ပြီး
'Will you marry me????'
'ကျွန်မ ရှင့်ကို လက်မထပ်နိုင်ပါဘူး Kim Suho sshi '
ပြုံးနေတဲ့ သူ့မျက်နှာ ကွက်ခနဲ ပျက်သွားသည်
'Soo ဘာလို့ ....'
သူမ တစ်ချက်မဲ့လိုက်ပြီး
'ရှင် မှတ်မိလား ရှင်ပြောခဲ့တဲ့ စကား တစ်ခွန်း ....'
'ဘယ်တုန်းကလဲ Soo ... '
'လွန်ခဲ့တဲ့ ၁ နှစ်လောက်က ရှင် ရှင့်သူငယ်ချင်းတွေကို ပြောခဲ့တဲ့စကား '
'Soo ကိုယ် တကယ်မသိတာပါကွာ '
'အေးလေး အိပ်ချင်ယောင်ဆောင်နေမှပေါ့ နိုးလို့ ဘယ်ရမှာလဲ ... အဲ့တုန်းက .....'
Flashblack >>>>>
Soo အဲ့နေ့ တစ်ယောက်တည်း ပျင်းတာ cafe shop ကို ထွက်ခဲ့သည် ....
ဆိုင်မှာ ထိုင်လိုက်သည် ပြီးတော့ စားစရာ မှာလိုက်သည်
သူမတစ်ယောက်တည်းဖြစ်နေတာမို့ Baek ဆီ ဖုန်းဆက်ပြီး ခေါ်လိုက်သည် Baek က လာခဲ့မယ်တဲ့ ...
သူမ Baek ကို စောင့်နေတုန်း သူမ အနောက်ဝိုင်းက ကောင်လေးတွေ စကားသံကြောင့် သူမ ဒေါသတွေ ထွက်လာသည်
မိန်းမတွေမကောင်းကြောင်း ပြောနေတာ ပစ်ပစ်နှစ်နှစ် ....
သူမ ဒေါသထွက်လွန်းလို့ လက်သီးတောင် ဆုပ်ထားမိတဲ့ အထိ ....
ထိုအချိန် Baek ရောက်တော့ သူမ ဖြစ်နေပုံကို မြင်တော့
'Soo နင် ဘာဖြစ်နေတာလဲ'
'ဟိုဘက်က လူတွေ ပြောတာ နားထောင်ကြည့်လိုက် '
Baek လဲ နားထောင်ကြည့်တော့
'မိန်းမတွေကို ငါ အယုံအကြည် မရှိတော့ဘူး ဟွန်း လက်သာရာမှာ ပျော်တဲ့ အမျိုးတွေ .... တော်ပြီကွာ ဆက်မပြောနဲ့တော့ ပြောနေရင် လူက ဒေါသ ထွက်လွန်းလို့ '
