My First love
Episode 12ပြန်လာတဲ့ တစ်လမ်းလုံး သူမ အိပ်ပျော်လာသည်လေ တစ်နေကုန်ကလေးတွေနဲ့ ဆော့ပေးရတော့ အရမ်းပင်ပန်းနေမှာပေါ့
သူလဲ အိပ်ပျော်နေတဲ့ သူမကို ကြည့်ရင်း သူမအိမ်သို့ မောင်းခဲ့သည်
သူမအိမ်ရှေ့ရောက်တော့ သူ နှိုးလိုက်ပြီး
'Soo ထတော့လေ အိမ်ရောက်ပြီ '
'အင် အိမ်တောင် ပြန်ရောက်နေပြီလား Soo အဲ့လောက် အိပ်ပျော်သွားတာလား '
'အင်း ဟုတ်တယ် '
'အာ့ဆို Soo ပြန်တော့မယ်နော် Bye Bye ကို '
'Ok Bye bye See U '
သူမ ကားထဲက ထွက်မလို့ ရှိသေး သူမလက်ကို ဆွဲကာ သူမ ပါးလေးကို နမ်းလိုက်တဲ့ သူ ...
'Goodnight Kiss လေ '
သူမ သူ့ကို ပြုံးပြလိုက်ပြီး
'သွားပြီနော် ကို ဒီနေ့ Soo သွားချင်တဲ့ နေရာ လိုက်ပို့ပေးလို့ Gomawo '
'ကိုယ်လဲ ပျော်ခဲ့တယ်လေ Soo ရဲ့ ချစ်သူကြားမှာ ကျေးဇူးတင်စရာလား '
'ဟုတ် '
သူမ ပြောပြီး ကားပေါက ဆင်းကာ မောင်းသူဘက်သွားလိုက်ပြီး
'ကို သွားတော့လေ '
'Soo အရင်ဝင်တာ ကြည့်ပြီးမှ သွားမယ် '
'အင်း အာ့ဆို Soo ဝင်ပြီနော် '
သူမ ပြောပြီး အိမ်ထဲ ဝင်ခဲ့သည်
သူလဲ သူမ အိမ်ထဲဝင်တဲ့ အထိ ကြည့်ပြီးမှ ဂီယာချိန်းကာ အိမ်သို့ မောင်းခဲ့သည်
~~~~~~~
'Soo ရောက်နေတာ ကြာပြီလား '
'ဟင့်အင်း မကြာသေးဘူး Baek ရဲ့ '
'တော်သေးတာပေါ့ ငါ နောက်ကျနေလို့ '
သူမတို့ မတွေ့တာ တစ်ပတ်လောက် ရှိပြီမို့ ဒီနေ့ တွေ့ရအောင် ချိန်းလိုက်တာ ....
