My first love
Episode 16သူတို့အောက်ပြန်ဆင်းလာတော့ လမ်းမှာ စကားတပြောပြောနဲ့ ဆင်းလာကြသည်
'အားးးးးး '
'Soo ဘာဖြစ်တာလဲ '
သူ Soo လဲကျသွားတဲ့နေရာမှာ ထိုင်ချလိုက်ပြီး
မေးလိုက်သည်'ခြေထောက် တစ်ခုခုဖြစ်သွားတာ မျက်သွားတာပဲ ကို '
'ခဏလေး ကိုယ် ကြည့်ပေးမယ် '
သူ Soo ခြေထောက်လေးကို ကိုင်လိုက်ပြီး လှည့်ကြည့်လိုက်တော့
'အားးးးးး နာတယ် ကို '
'အာ့ဆို အဆစ်လွဲသွားတာ လာ Soo .... Soo လမ်းလျောက်နိုင်မှာ မဟုတ်ဘူး ကိုယ့်ပေါ်တက် '
သူ ပြောပြီး Soo ရှေ့မှာ ထိုင်လိုက်သည်
'ရပါ့မလား ကို Soo က လေးတယ် ပြီးတော့ အဆင်းကြီး '
'ရပါတယ်ကွာ တက်ပါဆို '
သူ တက်ခိုင်းလို့ တက်လိုက်သည် သူကတော့ သူမကို ပေါ့ပေါ့ပါးပါးလေးပဲ သယ်ပြီး အောက်ဆင်းခဲ့သည်
ိုဟိုတယ်ရောက်တော့မှ ဆရာဝန်ခေါ်ကာ ပြလိုက်တော့
'ခြေအဆစ်လွဲသွားတာပါ ဒီလိုလေး လုပ်လိုက်ရင် ရပါတယ် '
'အားးးးးး '
ဆရာဝန်က ပြောရင်းဆိုရင်း ခြေထောက်ကို ဆွဲလှည့်လိုက်သည်
'Soo ရလား နာလား '
သူမ ကိုယ့်ခြေထောက်ကို လှုပ့်ကြည့်လိုက်တော့ မနာတော့ ....
'မနာတော့ဘူး ကို '
'အင်း မနာတော့ဘူးဆိုပေမဲ့ ဆေးလေးလိမ်းပြီး ပတ်တီးလေး စီးထားလိုက်ဦးနော် အဲ့လိုမျိုးက ပြန်ဖြစ်တတ်တယ် '
'ဟုတ်ကဲ့ ဆရာ စီးပေးလိုက်ပါ့မယ် ဆရာကို့လဲ ကျေးဇူးတင်ပါတယ် '
'ရပါတယ် ဒါဆို ဆရာ သွားမယ် '
ဆရာဝန်ကို လိုက်ပို့ပြီး သူ လိမ်းဖို့ဆေးနဲ့ ပတ်တီးသွားဝယ်လိုက်သည်
