1st day .....
မနက်ခင်းနေရောင်ခြည်က မျက်လုံးပေါ်ကိုကျရောက်လာတော့ နေရောင်ခြည်စူးသွားတဲ့မျက်လုံးကို လက်နဲ့ပွတ်ရင်း မျက်လုံးကို အသာအယာဖွင့်ကြည့်မိတော့ ဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက မရင်းနှီးတဲ့ မျက်နှာကျက် ဖြူဖြူတစ်ခု .ဘေးနားကို ဝေ့ ကြည့်လိုက်တော့ Note စာရွက်များစွာကပ်ထားတဲ့ နံရံ ရယ် . စားလက်စ အမှိုက်ခွံ တွေရယ် မှောက်နေတဲ့ ဝိုင်ပုလင်းရယ် သောက်လက်စဝိုင်ခွက် နဲ့ ပွရှုပ်နေသော စားပွဲခုံတစ်ခု ..
မရင်းနှီးတဲ့ အခန်းအပြင်အဆင်တွေကြောင့် သူဘယ်ရောက်နေတာလဲစဉ်းစားရင် တစ်ဆက်တည်း တွေးမိတာက သူဘယ်သူလဲ ??? နာမည်ကရော .. ဘာကြောင့်သူဒီကိုရောက်နေတာလဲ ဒါဘယ်နေရာလဲ
ရုတ်တရက်ခေါင်းထဲ ရောက်လာတဲ့ အတွေးတွေကြောင့် အလန့်တကြားထထိုင်မိတယ် .
ဘေးဘီ ဝဲကြည့်မိတော့ ဘယ်သူမှမရှိ ..
ကုတင်းပေါ်က ဆင်းမယ်လုပ်တော့ လက်နားက မာကြောကြော အရာလေးကို စမ်းမိတာကြောင့် ကြည့်ကြည့်မိတော့ စာအုပ်တစ်အုပ် .
Diary စာအုပ်ဖြစ်မယ်နဲ့တူတယ် . ကျွန်တော်လည်း ကျွန်တော်သိချင်နေတဲ့ မေးခွန်းတွေအတွက် အဖြေများ သိနိုင်မလား လို့ ဖွင့်ကြည့်မိတော့ ပထမဦးဆုံးထွက်လာတာက
မှတ်ပုံတင် ကဒ်ပြားလေးတစ်ခု .. Name ကို ဖတ်ကြည့်မိတော့
'Park Chan Yeol'
အသံထွက်အောင် ရေရွတ်လိုက်မိတယ် .
ဘယ်သူလဲ Park Chan Yeol ဆိုတာ ကျွန်တော်လား ??
မွေးသက္ကရာဇ် 27.11.1992.
နောက်စာရွက်တွေလှန်ကြည့်မိလိုက်တော့ လက်ရေး ခပ်သော့သော့နဲ့ရေးထားတဲ့ စာကြောင်းလေးများ ရေးထားတဲ့အကြောင်းအရာက
'အမုန်းဆုံး တနလာင်္နေ့ကို နိုးထလာရပြန်ပိ. အရင်တုန်းက ဘာဖြစ်ခဲ့လဲ ဘာမှမသိတော့ဘူး
သိနိုင်တာဆိုလို့ ဒီစာအုပ်ထဲက အကြောင်းအရာတွေသာ
ငါ့နာမည် Park ChanYeol
ငါ့ အသက်က 23 . အသက် 20 မှာ မိဘတွေနဲ့ နယ်ဘက်ကို ခရီးသွားရင်း ကားအက်စီးဒန့်ကြောင့် မိဘတွေဆုံးပါးပိး ငါကတော့ အတိတ်မေ့သွားတယ် Huk ...... အတိတ်မေ့တာကလည်း တစ်ပတ်တာဖြစ်သန်းပိးလို့ နောက်တစ်ပတ်ရဲ့ တစ်နေ့တာ အစဖြစ်တဲ့ တနလာင်္နေ့ရောက်တိုင်း အရင်က ဘာဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိနိုင်ဘူးတဲ့ ဘယ်လောက်ရယ်စရာ ကောင်းလိုက်တဲ့ ကံကြမ္မာကြီးလဲ ..
တစ်ခါတည်း မိဘတွေနဲ့အတူ လွှတ်မြောက်ခွင့်ပေးလိုက်ပါလား .. ဘာလို့များ ဒီလူ့လောကကြီးထဲ ဆွဲခေါ်ထားပါလိမ့် .....
ငါဘာလို့ကိုယ့်ကိုယ်ကို မသတ်သေမိလဲ
ကားအက်စီးဒန့်ဖြစ်ပိး ပြန်သတိရလာတဲ့အချိန် ဒီ အတတိမေ့ တယ်ဆိုတဲ့ ရောဂါကို သိလိုက်ရတဲ့အချိန် ကိုယ့်ကိုကိုယ် သတ်သေဖိုလုပ်ချိန်မှာ ပြောခဲ့တဲ့ ဆရာဝန်ရဲ့ စကားတစ်ခွန်းကြောင့်
Dr. ' မင်းအမေက တကယ်ကို မိခင်မေတ္တာ ကြီးမားတဲ့အမေပါ မင်းအမေက မင်းအတွက် သူ့နှလုံး ကို ပေးခဲ့တာ မင်း မင်းအမေရဲ့ အနှစ်နာ ခံမှုအတွက် အလကားဖြစ်စေချင်ရင် မင်းလက်ထဲက ဓားနဲ့ မင်းလက်ကောက်ဝတ် ကိုလှီးလိုက်တဲ့ '
ကဲ ငါဘာဆက်လုပ်သင့်လဲ ဘယ်လောက်ဆိုးဝါးလိုက်တဲ့ ဘဝလဲ . တနလာင်္နေ့မနက်တိုင်းမှာ ကိုယ့်ဘဝအကြောင်းကို စာအုပ်ထဲကနေ ပြန်ဖတ်ရမယ့် လူတစ်ယောက် ဘဝ . ဆွေမျိုးသားချင်း သူငယ်ချင်းမိတ်ဆွေ ဆိုတာ ဘယ်သူတွေမှန်းမသိဘဲ နေရမယ့်ဘဝ ... huk သိပ်ကို စိတ်ကုန်ဖို့ကောင်းတယ် .'
KAMU SEDANG MEMBACA
Only 7 DAYS
Fiksi Penggemarအကယ်၍ သင်သာ သင့်ချစ်တဲ့သူကို 7 ရက်ဘဲချစ်ခွင့်ရမယ်ဆို သင်ဘယ်လိုလုပ်မှာလဲ ??? သင့်ချစ်သူက သင့်ကို 7ရက်ကြာပြိတဲ့နောက်မှာ သင့်ကို တစ်ခါမှမသိခဲ့ဘူးတဲ့သူတစ်ယောက်လိုဖြစ်သွားမယ်ဆိုရင်ကော ?? သင်ဘာဆက်လုပ်မှာလဲ ?? စွန့်ပစ်သွားမှ...
