လူတစ်ယောက်ပိုလာတာမသိသာပေမယ့် မရှိတော့ရင် သိပ်သိတာတာ သူအရင်ကမသိခဲ့ဘူး
လူတစ်ယောက်ဘေးနားရောက်လာခဲ့တဲ့အခါ သူ့ရဲ့တည်ရှိမှု ကိုသာ ခံစားရပေမယ့် ထိုသူ မရှိတော့တဲ့အခါ ပျောက်ဆုံးမှုနဲ့အတူ လွမ်းဆွတ်တမ်းတခြင်းဆိုတဲ့ အရာ ရောက်ရှိလာတယ်..
Chanyeol အိမ်ကနေ Baekhyun တစ်ယောက် chanyeol အိမ်မှာနေဖို့ လိုအပ်တာလေးတွေ ပြန်ယူဖို့. ညနေကမှ ပြန်သွားပေမယ့် Chanyeol တစ်ယောက် ညတောင် မရောက်သေး တစ်ခုခု လိုအပ်နေသလို ..
Baekhyun က မနက်မှ ပြန်လာမယ်လို့ ပြောသွားလို့ ထူးထူးခြားခြား ဒီနေ့မှ ညတာက ခါတိုင်းထက်ပိုရှည်နေတယ်..
Baekhyun သူ့ဘဝထဲကို ရောက်လာတာ ၃ ရက်လောက်တာရှိသေးပေမယ့် ဘာကြောင့်မှန်းမသိ ရင်မှာ ခင်မင်တွယ်တာစိတ်က အမြစ်တွယ်သည်။.ကြီးမလာသင့်တဲ့ အပင်ဖြစ်သော်လည်း ရေလောင်းပေါင်းသင်နေမိတာ သူကိုယ်တိုင်လည်း သတိထားမိသည်....
အိပ်ပျော်လိုအိပ်ပျော်ညား ဝိုင်တွေသောက်သော်လည်း အတွေးထဲမှာ Baekhyun က စိုးမိုးနေတာမို့ ဘေးနားက ဝိုင်ပုလင်းခွံတွေသာ တိုးလာပေမယ့် အိပ်မပျော် ။
၃ ရက်တာကာလနဲ့ သူ့စိတ်ကို ဒီလောက်ထိ လွှမ်းမိုးနိုင်တဲ့ baekhyun ကိုလည်း သူချီးကျူးမိပါရဲ. ဖျောက်လို့မရမယ့်တူတူ အတွေးထဲ ရောက်ရောက်လာတဲ့ သူ့အကြောင်းတွေကို တားဆီးမပစ်ဘဲ အတွေးကမ္ဘာ ထဲ ဝင်ရောက်တော့ အိမ်မက်ကမ္ဘာကို အလည်ရောက်လေရဲ့ .
အိမ်မက်ထဲမှာ သူနဲ့ baekhyun တိမ်တွေကင်းစင်ပြီးသာယာနေတဲ့ကောင်ကင်းကြီးအောက်မှာ လက်ချင်းတွဲပြီး ပြုံးပျော်လို့ လမ်းလျှောက်နေကြတယ်.
အိမ်မက်ကအရမ်းလှပတဲ့အခါ မနိုးထချင်တော့ဘဲ အိမ်မက်ထဲမှာသာ အမြဲတမ်းနေပါရစေလား ...
....................................................................
Chanyeol အိမ်က ပြန်လာပြီး baekhyun အိမ်ကိုတန်းမပြန်သေးဘဲ နေရာတစ်ခုကို ဝင်ခဲ့တယ်
KAMU SEDANG MEMBACA
Only 7 DAYS
Fiksi Penggemarအကယ်၍ သင်သာ သင့်ချစ်တဲ့သူကို 7 ရက်ဘဲချစ်ခွင့်ရမယ်ဆို သင်ဘယ်လိုလုပ်မှာလဲ ??? သင့်ချစ်သူက သင့်ကို 7ရက်ကြာပြိတဲ့နောက်မှာ သင့်ကို တစ်ခါမှမသိခဲ့ဘူးတဲ့သူတစ်ယောက်လိုဖြစ်သွားမယ်ဆိုရင်ကော ?? သင်ဘာဆက်လုပ်မှာလဲ ?? စွန့်ပစ်သွားမှ...
