Chapter 10

2.4K 322 10
                                    

နေ့လည်က ထိုင်ခုံမှာထိုင်၇င်း စကားပြောပြီးတဲ့နောက် ကျွန်တော်တို့ တောင်ကုန်းလေးပေါ်ကမပြန်သေးဘဲ တောင်ကုန်းလေးပေါ်မှာ၇ှိတဲ့ ဘိုးဘွားရိပ်သာကို သွားခဲ့ကြတယ်။ 

baek hyun   သူ အဘိုးအဘွားတွေနဲ့ စကားပြောရင်း ၇ယ်မောနေတဲ့ သူ ။ဖြူစင်လိုက်တာလေ။  မျက်လုံးလေးမှိတ်အောင်ရယ်ရင်း အဘိုးအဘွားတွေကို ပျော်ရွှင်အောင်လုပ်ပေးနေတဲ့သူ။

ဒီလိုလူမျိုးကို ကျွန်တော် Park chan yeol က မျက်ရည်တွေကျအောင်လုပ်နေမိတာ။ ကျွန်တော် တကယ်မကောင်းဘူး ။ သူ့လိုလူမျိုးက ကျွန်တော်နဲ့မှ မတန်တာ။ ဘယ်လိုလုပ်များ သူ့လိုပျော်ပျော်ရွှင်ရွှင် နေခွင့်၇ှိတဲ့သူမျိုးကို စိတ်ညစ်စရာ ကျွန်တော့ ဘ၀ထဲ ဆွဲခေါ်၇က်ပါ့မလဲ။……

'Yeol .. yeol.. ဘာကြောင်ကြည့်နေတာလဲ လာလေ အဘွားခေါ်နေတယ်။'

'အင်း အင်း လာပြီ '

'အဘွား သူက Park Chan Yeol တဲ့ '

'ဟုတ်ကဲ့ Park Chan Yeol လို့ခေါ်ပါတယ်အဘွား '

'အေးကွယ့် '

'Yeol အဘွားနား ခဏနေပေးနော် ငါ အဘွားအတွက်ေ၇သွားယူလိုက်ဦးမယ်။'

'အင်း သွားလေ '

Baek ထွက်သွားတော့ ..

'ကောင်လေး  နာမည်က Chan Yeol နော် '

'ဟုတ်ပါတယ်အဘွား '

'အေးကွယ့် မြေးလေး . မြေးလေးကို အဘွားပြောမယ် ။ လောကကြီးမှာ တွေဝေမှုကြောင့် လက်လွှတ်ဆုံး၇ှုံး လိုက်ရနှိင်တာတွေ အများကြီးဘဲ ကွယ့်​ ။ '

'ဗျာ..'

'အတိတ်ကိုဘဲ စဉ်းစားပြီး အနာဂတ်ကို တွေးကြောက်မနေသင့်ဘူး။ လက်၇ှိ အချိန်မှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။  '

'အဘွား  ဘာကိုဆိုလိုချင်တာလဲဗျ ။ '

'မင်း Baek ကလေးကို ချစ်နေတယ်မလား '

'ဗျာ  အဘွား ဘယ်လိုသိ '

'မင်း သူ့ကို့ကြည့်နေတဲ့ အကြည့်တွေထဲမှာ ချစ်ခြင်းနဲ့အတူ နာကြင်မှုတွေပါ မြင်နေ၇တယ် ခလေး ။
အဘွားသိတယ် Baek လေးလည်း မင်းကိုချစ်နေတယ်ဆိုတာ ။ တွေဝေမနေပါနဲ့  ။လက်ရှိအချိန်မှာ  အကောင်းဆုံးလုပ်ပါ နောင်တမ၇ပါစေနဲ့။ကိုယ်ချစ်တဲ့သူကိုဒဏ်၇ာ မပေးမိပါစေနဲ့။ '

Only 7 DAYSWhere stories live. Discover now